ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 31:51-55 Judson Bible (BJB)

51. တဖန်လည်း၊ ငါနှင့်သင်၏စပ်ကြား၌ သင်သည်တည်လုပ်ခဲ့ပြီးသော ဤကျောက်ပုံနှင့် ဤမှတ်တိုင်ကိုကြည့်ပါလော့။

52. ငါသည် သင့်ကိုခိုက်ရန်ပြုခြင်းငှါ၊ ဤကျောက်ပုံ၊ ဤမှတ်တိုင်ကိုမကျော်ရ၊ သင်သည် ငါ့ကိုခိုက်ရန်ပြုခြင်းငှါ၊ ဤကျောက်ပုံ၊ ဤမှတ်တိုင်ကို မကျော်ရဟု ဤကျောက်ပုံနှင့် ဤမှတ်တိုင်သည် သက်သေဖြစ်စေသတည်း။

53. အာဗြဟံ၏ဘုရားသခင်၊ နာခေါ်၏ဘုရားသခင်၊ သင့်အဘ၏ဘုရားသခင်သည် ငါတို့စပ်ကြား၌ စီရင်တော်မူစေသတည်းဟူ၍၎င်း၊ ယာကုပ်အားဆို၏။ ယာကုပ်သည်လည်း၊ မိမိအဘကြောက်ရွံ့ရာ ဘုရားကိုတိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလေ၏။

54. ထိုအခါယာကုပ်သည် တောင်ပေါ်မှာယဇ်ပူဇော်၍၊ ညီအစ်ကိုများကို အစာစားစေခြင်းငှါ ခေါ်ဘိတ်သဖြင့်၊ သူတို့သည်စားသောက်၍၊ တောင်ပေါ်မှာ ညဉ့်ကိုလွန်စေကြ၏။

55. နံနက်စောစော လာဗန်ထ၍ မိမိသားသမီးများကိုနမ်းလျက် ကောင်းကြီးပေးပြီးမှ၊ မိမိနေရာပြည်သို့ ပြန်သွားလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကမ္ဘာ​ဦး 31