ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 31:44-52 Judson Bible (BJB)

44. သို့ဖြစ်၍၊ ယခုသင်နှင့် ငါစပ်ကြား၌သက်သေဖြစ်စေ၍၊ ငါတို့နှစ်ယောက်သည် ပဋိညာဉ်ပြုကြစို့ဟု ယာကုပ်အားပြန်ပြော၏။

45. ယာကုပ်သည်လည်း ကျောက်ကိုယူ၍၊ မှတ်တိုင်ဘို့စိုက်ထူပြီးလျှင်၊

46. ကျောက်များကိုစုထားကြပါဟု ညီအစ်ကိုတို့အား ဆိုသည်အတိုင်း၊ သူတို့သည် ကျောက်များကိုယူ၍၊ ကျောက်ပုံကိုတည်လုပ်ပြီးမှ၊ ထိုကျောက်ပုံအပေါ်၌ စားသောက်ခြင်းကို ပြုကြ၏။

47. ထိုကျောက်ပုံကို လာဗန်သည် ယေဂါသဟာဒုသဟူ၍၎င်း၊ ယာကုပ်သည် ဂိလဒ်ဟူ၍၎င်း၊ သမုတ်လေ၏။

48. လာဗန်ကလည်း၊ ယနေ့ဤကျောက်ပုံသည် ငါနှင့်သင်၏စပ်ကြား၌ သက်သေဖြစ်သည်ဟုဆို၏။ ထိုကြောင့် ဂိလဒ်ဟူ၍သမုတ်ကြ၏။

49. မိဇပါဟူ၍ သမုတ်ကြသေး၏။ အကြောင်းမူကား၊ လာဗန်က၊ ငါတို့သည် တယောက်နှင့် တယောက်ခွါသွားကြသောနောက်၊ ထာဝရဘုရားသည် ငါနှင့်သင်၏ စပ်ကြား၌စောင့်တော်မူစေသတည်း။

50. သင်သည် ငါ့သမီးတို့ကို ညှဉ်းဆဲသည်ဖြစ်စေ၊ ငါ့သမီးတို့မှတပါး အခြားသော မိန်းမနှင့် စုံဘက်သည်ဖြစ်စေ၊ ငါတို့၌လူသက်သေမရှိ၊ ဘုရားသခင်သည် ငါနှင့်သင်၏စပ်ကြား၌သက်သေမရှိ၊ ဘုရားသင်သည် ငါနှင့်သင်၏စပ်ကြား၌ သက်သေဖြစ်စေတော်မူသတည်းဟူ၍၎င်း၊

51. တဖန်လည်း၊ ငါနှင့်သင်၏စပ်ကြား၌ သင်သည်တည်လုပ်ခဲ့ပြီးသော ဤကျောက်ပုံနှင့် ဤမှတ်တိုင်ကိုကြည့်ပါလော့။

52. ငါသည် သင့်ကိုခိုက်ရန်ပြုခြင်းငှါ၊ ဤကျောက်ပုံ၊ ဤမှတ်တိုင်ကိုမကျော်ရ၊ သင်သည် ငါ့ကိုခိုက်ရန်ပြုခြင်းငှါ၊ ဤကျောက်ပုံ၊ ဤမှတ်တိုင်ကို မကျော်ရဟု ဤကျောက်ပုံနှင့် ဤမှတ်တိုင်သည် သက်သေဖြစ်စေသတည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကမ္ဘာ​ဦး 31