ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 30:30-43 Judson Bible (BJB)

30. အထက်က အဘ၏ဥစ္စာနည်းလှ၏။ ယခုတိုးပွါး၍ များပြားလျက်ရှိ၏။ ကျွန်ုပ်သွားလာလုပ်ကိုင်သောအားဖြင့်၊ ထာဝရဘုရားသည် အဘအား ကောင်းကြီးပေးတော်မူပြီ။ ယခုမှာ၊ ကျွန်ုပ်သည် ကိုယ်အိမ်သူအိမ်သားတို့ကို အဘယ်သောအခါ ကျွန်ုပ်ပြုစုရပါအံ့နည်းဟု ဆိုလေ၏။

31. လာဗန်ကလည်း၊ အဘယ်အခကို ပေးရမည်နည်းဟု မေးပြန်လျှင်၊ ယာကုပ်က၊ ဘာကိုမျှမပေးပါနှင့်၊ ကျွန်ုပ်၌ကျေးဇူးတခုပြုလိုလျှင်၊ အဘ၏သိုးစု၊ ဆိတ်စုကို တဖန်ကျွေးမွေးစောင့်ထိန်းပါဦးမည်။

32. ယနေ့သိုးစု၊ ဆိတ်စုတရှောက်လုံးကို ကျွန်ုပ်သွား၍၊ ပြောက်ကျား သောဆိတ်များ၊ ညိုသောသိုးများ၊ ရှိသမျှတို့ကိုရွေးနှုတ်ခွဲထားပါမည်။ နောက်မှ ပြောက်ကျားသောဆိတ်၊ ညိုသောသိုးတို့သည် ကျွန်ုပ်၏အခဖြစ်စေလော့။

33. သို့ဖြစ်၍၊ နောင်ကာလ၌ကျွန်ုပ်၏အခသည်၊ အဘရှေ့သို့ရောက်သောအခါ၊ ကျွန်ုပ်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်ကိုစောင့်ရှောက်ပါလိမ့်မည်။ မပြောက် မကျားသောဆိတ်၊ မညိုသောသိုးရှိသမျှတို့ကို၊ ကျွန်ုပ်ခိုးသောအကောင်ဟူ၍ မှတ်စေလော့ဟု ဆိုလေ၏။

34. လာဗန်ကလည်း၊ သင်ပြောတိုင်းဖြစ်လော့ဟုဝန်ခံ၍၊ ထိုနေ့၌ပင်၊ ပြောက်ကျားသောဆိတ်ထီး၊ ပြောက်ကျားသောဆိတ်မ၊

35. အဖြူပါသောဆိတ်ရှိသမျှတို့နှင့်၊ အဆင်းညိုသော သိုးရှိသမျှတို့ကိုရွေး၍၊ မိမိသားတို့လက်သို့ အပ်ပေးလေ၏။

36. ကိုယ်နေရာအရပ်နှင့်၊ ယာကုပ်နေရာအရပ်ကို သုံးရက်ခရီးကွာစေခြင်းငှါ စီရင်သေး၏။ ယာကုပ်သည် ကြွင်းသောလာဗန်၏သိုးဆိတ်များကိုထိန်းလျက် နေရ လေ၏။

37. ထိုအခါယာကုပ်သည်၊ စိမ်းသောလိဗနာပင်၊ လုဇပင်၊ အာရမုန်ပင်တို့၏ အခက်တံဖျားများကိုယူ၍၊ အဖြူ၊ အစိမ်း၊ အတန့်တန့်ပေါ်အောင် အခွံကိုလှီးခွာ ပြီးလျှင်၊

38. ရေသောက်လာသောသိုး၊ ဆိတ်အထီးအမရှက်တင်စေမည်အကြံရှိ၍၊ ရေသောက်လာသောအခါ၊ အခွံခွာပြီးသောတံဖျာတို့ကို ရေသောက်ကျင်း၊ သောက်ခွက်တို့၌ သိုးဆိတ်တို့ရှေ့မှာ စိုက်ထားလေ၏။

39. သိုးဆိတ်တို့သည် တံဖျာများရှေ့မှာရှက်တင်၍၊ အပြောက်အကျား စသည်တို့ကို ဘွားကြ၏။

40. ယာကုပ်သည်သိုး၊ ဆိတ်သငယ်တို့ကိုလည်းခွဲထား၍၊ လာဗန်၏သိုးစု၊ ဆိတ်စုတွင် အဆင်းပြောက်ကျားသော အကောင်၊ အဆင်းညိုသောအကောင်ရှိသမျှ တို့ရှေ့မှာ သိုးဆိတ်များကိုမျက်နှာပြုစေ၏။ မိမိတိရစ္ဆာန်များနှင့် လာဗန်၏ တိရစ္ဆာန်များကိုလည်း မရောမနှောစေဘဲ၊ တစုစီခွဲထားလေ၏။

41. အားကြီးသောအကောင်တို့သည် ရှက်တင်သောအခါ၊ တံဖျာတို့တွင် ရှက်တင်စေခြင်းငှါ၊ ယာကုပ်သည် တံဖျာများကို ရေကျင်း၌၊ သူတို့မျက်မှောက်တွင် ထားတတ်၏။

42. အားနည်းသောအကောင်တို့ရှေမှာ တံဖျာတို့ကိုမပြမထား။ ထိုကြောင့် အားနည်းသောအကောင်တို့သည် လာဗန်၏ဥစ္စာဖြစ်လေ၏။ အားကြီးသောအကောင်တို့မူကား၊ ယာကုပ်၏ဥစ္စာဖြစ်လေ၏။

43. ထိုသို့ယာကုပ်၌ စည်းစိမ်တိုးပွား၍၊ သိုး၊ဆိတ်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်၊ မြည်းအများရှိကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကမ္ဘာ​ဦး 30