ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 30:27-34 Judson Bible (BJB)

27. လာဗန်က၊ သင်၏စိတ်နှင့်တွေ့ပါစေ။ ထာဝရဘုရားသည် သင်၏အကြောင်းကြောင့် ငါ့အားကောင်းကြီးပေးတော်မူသည်ကို ငါရိပ်မိပြီ။

28. ငါပေးရမည်အခကိုပြောပါ၊ ငါပေးမည်ဟု ဆိုလေသော်၊

29. ကျွန်ုပ်သည် အဘ၌အဘယ်သို့ အစေခံသည်ကို၎င်း အဘ၏တိရစ္ဆာန်တို့သည် ကျွန်ုပ်၌အဘယ်သို့ရှိနေသည်ကို၎င်း အဘသိပါ၏။

30. အထက်က အဘ၏ဥစ္စာနည်းလှ၏။ ယခုတိုးပွါး၍ များပြားလျက်ရှိ၏။ ကျွန်ုပ်သွားလာလုပ်ကိုင်သောအားဖြင့်၊ ထာဝရဘုရားသည် အဘအား ကောင်းကြီးပေးတော်မူပြီ။ ယခုမှာ၊ ကျွန်ုပ်သည် ကိုယ်အိမ်သူအိမ်သားတို့ကို အဘယ်သောအခါ ကျွန်ုပ်ပြုစုရပါအံ့နည်းဟု ဆိုလေ၏။

31. လာဗန်ကလည်း၊ အဘယ်အခကို ပေးရမည်နည်းဟု မေးပြန်လျှင်၊ ယာကုပ်က၊ ဘာကိုမျှမပေးပါနှင့်၊ ကျွန်ုပ်၌ကျေးဇူးတခုပြုလိုလျှင်၊ အဘ၏သိုးစု၊ ဆိတ်စုကို တဖန်ကျွေးမွေးစောင့်ထိန်းပါဦးမည်။

32. ယနေ့သိုးစု၊ ဆိတ်စုတရှောက်လုံးကို ကျွန်ုပ်သွား၍၊ ပြောက်ကျား သောဆိတ်များ၊ ညိုသောသိုးများ၊ ရှိသမျှတို့ကိုရွေးနှုတ်ခွဲထားပါမည်။ နောက်မှ ပြောက်ကျားသောဆိတ်၊ ညိုသောသိုးတို့သည် ကျွန်ုပ်၏အခဖြစ်စေလော့။

33. သို့ဖြစ်၍၊ နောင်ကာလ၌ကျွန်ုပ်၏အခသည်၊ အဘရှေ့သို့ရောက်သောအခါ၊ ကျွန်ုပ်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်ကိုစောင့်ရှောက်ပါလိမ့်မည်။ မပြောက် မကျားသောဆိတ်၊ မညိုသောသိုးရှိသမျှတို့ကို၊ ကျွန်ုပ်ခိုးသောအကောင်ဟူ၍ မှတ်စေလော့ဟု ဆိုလေ၏။

34. လာဗန်ကလည်း၊ သင်ပြောတိုင်းဖြစ်လော့ဟုဝန်ခံ၍၊ ထိုနေ့၌ပင်၊ ပြောက်ကျားသောဆိတ်ထီး၊ ပြောက်ကျားသောဆိတ်မ၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကမ္ဘာ​ဦး 30