ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 26:30-35 Judson Bible (BJB)

30. ဣဇာက်သည်၊ သူတို့အဘို့ စားသောက်ပွဲကိုလုပ်၍၊ အတူစားသောက်ကြ၏။

31. နံနက်စောစောထ၍၊ အချင်းချင်းတဦးနှင့် တဦးသစ္စာပြုလိုက်ပြီးမှ၊ ဣဇာက်သည် သူ့တို့ကို လွှတ်လိုက်၍၊ သူတို့သည် ငြိမ်ဝပ်စွာသွားရကြ၏။

32. ထိုနေ့၌ပင် ဣဇာက်ကျွန်တို့သည်လာ၍၊ မိမိတို့တူးသောတွင်း၌ ရေတွေ့ကြောင်းကိုပြောဆိုကြလျှင်၊

33. ထိုရေတွင်းကိုရေဘအမည်ဖြင့် မှည့်လေ၏။ ထိုကြောင့် ထိုအရပ်၌ တည်သောမြို့ကိုဗေရရှေဘမြို့ဟု ယနေ့တိုင်အောင်တွင်လေသတည်း။

34. ဧသောသည် အသက်လေးဆယ်ရှိသောအခါ၊ ဟိတ္တိအမျိုးသားဗေရိ၏သမီးယုဒိတ်၊ ဟိတ္တိအမျိုးသား ဧလုန်၏သမီးဗာရှမတ်တို့နှင့် အိမ်ထောင်လေ၏။

35. ထိုမိန်းမတို့သည် ဣဇာက်နှင့် ရေဗက္က၌ စိတ်နှလုံးပူပန်စရာအကြောင်းဖြစ်သတည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကမ္ဘာ​ဦး 26