57. သူတို့က၊ မိန်းကလေးကိုခေါ်၍၊ သူ့အလိုကိုမေးပါဦးမည်ဟုဆိုသည်နှင့်၊
58. ရေဗက္ကကိုခေါ်၍ သင်သည် ဤလူနှင့်အတူယခုလိုက်မည်လောဟု မေးသောအခါ၊ ကျွန်ုပ်လိုက်ပါမည်ဟုဆို၏။
59. သို့ဖြစ်၍၊ မိမိနှမရေဗက္ကနှင့် သူ၏အထိန်းကို၎င်း၊ အာဗြဟံကျွန်နှင့် သူ၏လူတို့ကို၎င်းလွှတ်လိုက်ကြ၏။
60. ရေဗက္ကကိုလည်း၊ သင်သည် ကျွန်ုပ်တို့၏နှမဖြစ်၏။ အသောင်းအသိန်းတို့၏အမိဖြစ်ပါစေသော။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏ တံခါးများကိုအစိုးရပါစေသောဟု ကောင်းကြီးပေးကြ၏။
61. ရေဗက္ကနှင့် သူ၏မိန်းမငယ်တို့သည်ထ၍၊ ကုလားအုပ်ကိုစီးလျက်၊ ထိုယောက်ျားနှင့်အတူလိုက်ကြ၏။ ထိုသို့ အာဗြဟံကျွန်သည် ရေဗက္ကကိုဆောင်သူ သွားလေ၏။
62. ထိုအခါ တောင်ပြည်အတွင်း၌နေသောဣဇာက်သည်၊ ဗေရလဟဲရောလမ်းဖြင့် ရောက်လာသည်ဖြစ်၍၊
63. ညဦးအချိန်၌ ဆင်ခြင်လိုသောငှါ၊ တောအရပ်သို့ထွက်သွား၍၊ မြော်ကြည့်လျှင်၊ ကုလားအုပ်များလာသည်ကို မြင်လေ၏။
64. ရေဗက္ကသည်လည်း၊ မြော်ကြည့်၍ ဣဇာက်ကိုမြင်သောအခါ၊ ကုလားအုပ်အပေါ်မှဆင်းပြီးလျှင်၊
65. ကျွန်ုပ်တို့ကို ကြိုဆိုခြင်းငှါ၊ တော၌လာသောထိုသူကား၊ အဘယ်သူနည်းဟု ကျွန်ကိုမေးလေသော်၊ ကျွန်က၊ ထိုသူသည် ကျွန်ုပ်သခင်ဖြစ်ပါ၏ဟု ပြောဆို သောစကားကိုကြားလျှင်၊ ရေဗက္ကသည်မျက်နှာဖုံးကိုယူ၍ ဖုံးလေ၏။
66. ကျွန်သည်လည်း၊ မိမိပြုလေသမျှတို့ကို ဣဇာက်အားကြားပြောပြီးမှ၊
67. ဣဇာက်သည် မိမိအမိစာရာ၏တဲသို့ ရေဗက္ကကိုဆောင်ယူ၍ စုံဘက်လေ၏။ ရေဗက္ကကိုချစ်နှစ်မြို့သဖြင့်၊ အမိသေသောအမှု၌ သက်သာခြင်းသို့ရောက်လေ၏။