ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 19:30-38 Judson Bible (BJB)

30. လောတသည် ဇောရမြို့မှထွက်၍၊ သမီးနှစ်ယောက်နှင့်တကွ တောင်ပေါ်မှာနေ၏။ ဇောရမြို့၌မနေဝံ့၍၊ သမီးနှစ်ယောက်နှင့်တကွ ဥမှင်၌နေ၏။

31. သမီးအကြီးက၊ ငါတို့အဘအိုပြီ။ မြေကြီးသားအပေါင်းတို့၏ ဘာသာအတိုင်း ငါတို့ထံသို့ဝင်ရသော ယောက်ျားတယောက်မျှ မြေပေါ်မှာမရှိ။

32. လာကြ။ ငါတို့အဘကို စပျစ်ရည်တိုက်ကြစို့။ ငါတို့အဘ၏အမျိုးအနွယ်ကို စောင့်မ၍ သူနှင့်အိပ်ကြစို့ဟု ညီမကိုပြောဆို၏။

33. ထိုနေ့ညမှာ သူတို့သည် အဘကို စပျစ်ရည်တိုက်ပြီးလျှင်၊ သမီးအကြီးသည် ဝင်၍ အဘနှင့်အိပ်လေ၏။ သူအိပ်ကြောင်းကို၎င်း၊ ထကြောင်းကို၎င်း အဘမသိ။

34. နက်ဖြန်နေ့တွင် အကြီးကလည်း၊ မနေ့ညမှာ ငါသည် အဘနှင့်အိပ်လေပြီ။ ယနေ့ညတဖန်သူ့ကို စပျစ်ရည်တိုက်ကြစို့။ သင်သည်ဝင်၍ အဘ၏အမျိုးအနွယ်ကို စောင့်မခြင်းငှါ၊ သူနှင့်အိပ်လော့ဟု ညီမကိုပြောဆို၏။

35. ထိုနေ့ည၌လည်း သူတို့သည် အဘကို စပျစ်ရည်တိုက်ပြီးလျှင်၊ အငယ်သည်ဝင်၍ အဘနှင့်အိပ်လေ၏။ အိပ်ကြောင်းကို၎င်း၊ ထကြောင်းကို၎င်း အဘမသိ။

36. ထိုသို့လောတ၏သမီးနှစ်ယောက်တို့သည်၊ မိမိအဘအားဖြင့် ပဋိသန္ဓေစွဲနေ၏။

37. သမီးအကြီးသည်သားကိုဘွား၍ မောဘအမည်ဖြင့် မှည့်လေ၏။ ထိုသူသည် ယနေ့တိုင်အောင်ရှိသော မောဘအမျိုးသားတို့၏အဘဖြစ်သတည်း။

38. သမီးအငယ်သည်လည်း သားကိုဘွား၍ ဗေနမ္မိအမည်ဖြင့် မှည့်လေ၏။ ထိုသူသည်ယနေ့တိုင်အောင်ရှိသော အမ္မုန်အမျိုးသားတို့၏အဘဖြစ်သတည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကမ္ဘာ​ဦး 19