ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 19:1-11 Judson Bible (BJB)

1. ကောင်းကင်တမန်နှစ်ပါးတို့သည် ညဦးအချိန်၌ သောဒုံမြို့သို့ ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ထိုင်လျက် သူတို့ကိုမြင်လျှင်၊ ခရီးဦးကြိုပြုခြင်းငှါထ၍ မြေ၌ဦးညွှတ်ချလျက်၊

2. အကျွန်ုပ်သခင်တို့၊ ကိုယ်တော်တို့ကျွန်၏အိမ်သို့ဝင်၍ တညဉ့်လုံးနေကြပါ။ ခြေကိုဆေးကြပါ။ နံနက်စောစောထ၍ ကြွသွားကြပါလော့ဟု ဆိုလေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တညဉ့်လုံးလမ်း၌ နေတော့မည်ဟု ဆိုသော်လည်း၊

3. ကျပ်ကျပ်သွေးဆောင်သောကြောင့် တဖန်လောတနေရာသို့လှည့်၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတလည်းသူတို့အဘို့ပွဲလုပ်၍ တဆေးမပါသောမုန့်ကို ပေါင်းပြီးမှ သူတို့သည်စားကြ၏။

4. ထိုသူတို့သည်မအိပ်မှီ၊ သောဒုံမြို့သား ယောက်ျားအကြီးအငယ်၊ အရပ်ရပ်ကလာသော သူအပေါင်းတို့သည် အိမ်ကိုဝိုင်း၍၊

5. လောတကိုဟစ်ခေါ်လျက်၊ ယနေ့ညမှာ သင့်အိမ်သို့ဝင်သောလူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့်ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍ ငါတို့ထံသို့ ထွက်စေလော့ဟု ဆိုကြ၏။

6. လောတသည်လည်း၊ တံခါးပြင်မှာ သူတို့ထံသို့ထွက်၍၊ မိမိနောက်၌ တံခါးကို ပိတ်ပြီးလျှင်၊

7. ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက်မပြုကြပါနှင့်။

8. အကျွန်ုပ်၌ ယောက်ျားနှင့်မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသောအခွင့်ကို ပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြပါလော့။ ဤလူတို့၌ အလျှင်းမပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကိုခိုနေပါ၏ဟု တောင်းပန်သော်လည်း၊

9. သူတို့ကဆုတ်လော့ဟုဆိုကြ၏။ တဖန်ကား၊ သင်သည်တည်းခိုးခြင်းငှာ သာရောက်လာသည်နှင့် တရားသူကြီးလုပ်ရမည်လော။ ယခုမှာ ထိုသူတို့၌ ပြုသည်ထက်၊ သင်၌သာ၍ဆိုးသောအမှုကိုပြုမည်ဟုဆိုလျက်၊ လောတကို ကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ခြင်းငှါ ချဉ်းလာကြ၏။

10. ထိုအခါကောင်းကင်တမန်တို့သည် လက်ကိုဆန့်၍ လောတကို မိမိတို့နေရာအိမ်အတွင်းသို့ ဆွဲသွင်းပြီးလျှင် တံခါးကိုပိတ်ကြ၏။

11. အိမ်တံခါးနားမှာရှိသောသူအကြီးအငယ်တို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့် သူတို့သည်တံခါးကိုရှာ၍ ပင်ပန်းခြင်းသို့ ရောက်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကမ္ဘာ​ဦး 19