ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 17:18-27 Judson Bible (BJB)

18. ဣရှမေလသည် ရှေ့တော်၌အသက်ရှင်ပါစေသောဟု၊ ဘုရားသခင်ကို လျှောက်သောအခါ၊

19. ဘုရားသခင်က၊ သင်၏မယားစာရာသည် သင်အားသားကိုဘွားလိမ့်မည်။ ထိုသားကိုလည်း ဣဇာက်အမည်ဖြင့်မှည့်ရမည်။ သူ၌၎င်း သူ့နောက်မှ သူ၏အမျိုးအနွယ်၌၎င်း ငါ၏ပဋိညာဉ်ကို ထာဝရပဋိညာဉ် ဖြစ်စေမည်။

20. ဣရှမေလအမှု၌ကား၊ သင်၏စကားကို ငါနားထောင်၏။ သူ့ကို ငါကောင်းကြီးပေး၏။ သူ့အနွယ်ကိုတိုးပွားစေ၍ သူ့ကိုအလွန်များပြားစေမည်။ သူသည် မင်းသားဆယ်နှစ်ပါးတို့၏အဘ ဖြစ်လိမ့်မည်။ ကြီးသောလူမျိုးဖြစ်စေခြင်းငှါလည်း ငါပြုမည်။

21. သို့သော်လည်း၊ နောင်နှစ်၊ ချိန်းချက်သောအချိန်တွင်၊ စာရာသည် သင်အားဘွားလတံ့သောသားဣဇာက်၌၊ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်ဟု မိန့်တော်မူပြီးလျှင်၊

22. မိန့်မြွက်တော်မူသံငြိမ်း၍ ဘုရားသခင်သည်အာဗြဟံထံမှ တက်ကြွတော်မူ၏။

23. အာဗြဟံသည်လည်း၊ သားဣမေလမှစ၍၊ ကိုယ်အိမ်၌ဘွားသော သူအပေါင်း၊ ကိုယ်ငွေနှင့်ဝယ်သောသူအပေါင်းတည်းဟူသော၊ အာဗြဟံအိမ်နှင့်ဆိုင်သော ယောက်ျားအပေါင်းတို့ကိုယူ၍၊ ဘုရားသခင်မိန့်တော်မူသည်အတိုင်း၊ တနေ့ခြင်းတွင် အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။

24. အာဗြဟံသည် ကိုယ်တိုင်အရေဖျားလှီးမင်္ဂလာကိုခံသောအခါ၊ အသက်ကိုးဆယ်ကိုးနှစ်ရှိ၏။

25. သားဣရှမေလသည် အရေဖျားလှီးမင်္ဂလာကိုခံသောအခါ၊ အသက်တဆယ်သုံးနှစ်ရှိ၏။

26. တနေ့ခြင်းတွင် အာဗြဟံနှင့်သားဣရှမေလသည် အရေဖျားလှီးမင်္ဂလာကို ခံလေ၏။

27. သူ၏အိမ်၌ဘွားသောသူ တပါးအမျိုးသား၌ သူ၏ငွေနှင့်ဝယ်သောသူ၊ သူ၏အိမ်နှင့်ဆိုင်သောယောက်ျားအပေါင်းတို့သည်၊ သူနှင့်အတူ အရေဖျားလှီး မင်္ဂလာကို ခံကြလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကမ္ဘာ​ဦး 17