ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 16:1-4 Judson Bible (BJB)

1. အာဗြံ၏မယားစာရဲ၌ သားဘွားခြင်းမရှိသဖြင့်၊ အဲဂုတ္တုပြည်သူဟာဂရအမည်ရှိသော ကျွန်မတယောက်ရှိသည်ဖြစ်၍၊

2. စာရဲက၊ အကျွန်ုပ်အားသားဘွားရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူ။ အကျွန်ုပ်၏ကျွန်မထံသို့ ဝင်ပါလော့။ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံအားပြောဆို၍၊ အာဗြံသည် စာရဲ၏စကားကို နားထောင်လေ၏။

3. ထိုသို့အာဗြံသည် ခါနာန်ပြည်၌ဆယ်နှစ်နေပြီးမှ၊ အာဗြံ၏မယားစာရဲသည် မိမိကျွန်မအဲဂုတ္တပြည်သူဟာဂရကိုယူ၍၊ မိမိခင်ပွန်းအာဗြံသိမ်းပိုက်စေဘို့ အပ်နှင်းလေ၏။

4. အာဗြံသည်လည်း ဟာဂရထံသို့ဝင်၍၊ ဟာဂရသည် ပဋိသန္ဓေစွဲလေ၏။ ဟာဂရသည် မိမိတွင်ပဋိသန္ဓေစွဲနေကြောင်းကိုသိလျှင်၊ မိမိသခင်မကို မထီမဲ့မြင်ပြုလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကမ္ဘာ​ဦး 16