ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ သက် 3:1-5 Judson Bible (BJB)

1. ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရား၏ နှုတ်ကပက်တရားသည် သင်တို့တွင် နှံ့ပြား၍ ဘုန်းထင်ရှားခြင်းရှိသကဲ့သို့၊ အရပ်ရပ်တို့၌ ထင်ရှားမည်အကြောင်းနှင့်၊

2. အကျိုးအကြောင်းကို မသိမမှတ်၊ ဆိုးညစ်သော သူတို့လက်မှငါတို့ကို ကယ်လွှတ်တော်မူမည် အကြောင်း၊ ငါတို့အဘို့ ဆုတောင်းကြလော့။ လူတိုင်း သစ္စာရှိသည်မဟုတ်။

3. သို့သော်လည်း၊ သခင်ဘုရားသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ သင်တို့ကိုမြဲမြံစေ၍၊ မကောင်းအမှုအရာနှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူလိမ့်မည်။

4. ငါတို့ပညတ်သည် အတိုင်းသင်တို့သည် ယခုကျင့်ကြ၏။ နောက်၌လည်းကျင့်ကြလိမ့်မည်ဟု သခင် ဘုရားကို အမှီပြု၍ ငါတို့သည် ယုံမှားခြင်းမရှိ။

5. ဘုရားသခင်ကို ချစ်စေခြင်းငှါ၎င်း၊ သခင်ဘုရားသည် သင်တို့စိတ်နှလုံးကို ပြင်ဆင်တော်မူပါစေသော။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ သက် 3