ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ပေ 3:7-18 Judson Bible (BJB)

7. ယခုရှိသော မိုဃ်းကောင်းကင်နှင့်မြေကြီးမူကား၊ တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီးသော နေ့ရက်တိုင်အောင်၊ ထိုနှုတ်ကပတ် တော်အားဖြင့် သိုထားလျက် ရှိ၍၊ မီးရှို့ခြင်းအဘို့အလိုငှါ နေရစ်သတည်း။

8. ချစ်သူတို့၊ ထာဝရဘုရားမှာ ကာလတရက်သည်၊ အနှစ်တထောင်ကဲ့သို့၎င်း၊ အနှစ်တထောင်သည် တရက်ကဲ့သို့၎င်းဖြစ်သည် အရာတခုကို မမေ့လျော့ကြ နှင့်။

9. လူအချို့တို့သည်၊ နှေးခြင်းကိုမှတ်သည်အတိုင်း၊ ထာဝရဘုရားသည် ဂတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင်အဘယ်သူမျှမပျက် စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှါ အလိုတော်ရှိ၍၊ ငါတို့ကို သည်းခံတော်မူ၏။

10. သူခိုးသည် ညဉ့်အခါလာသကဲ့သို့၊ ထာဝရဘုရား၏ နေ့ရက်သည် လာလိမ့်ည်။ ထိုနေ့၌ မိုဃ်း ကောင်းကင်သည် ကြီးစွာသော အသံနှင့်တကွ ပျောက်သွားလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာ ပြုလုပ်သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။

11. သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့်၊

12. မိုဃ်းကောင်းကင်သည် မီးနှင့်ပျက်၍ လောကဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကို ခံရသော နေ့တည်းဟူသော၊ ဘုရားသခင်၏ နေ့ရောက် လိမ့်မည်ဟုသင်တို့သည် မြော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့သောသူ ဖြစ်အပ်ကြသနည်း။

13. ယခုရှိသမျှသောအရာတို့သည် ပျက်ရသော်လည်း၊ ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုဃ်းကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ဂတိတော်နှင့်အညီ မြော်လင့်ကြ၏။

14. ထိုသို့မြော်လင့်ခြင်းရှိသောကြောင့်၊ ချစ်သူတို့၊ သင်တို့သည် အညစ်အကြေးနှင့် ကင်းစင်၍ အဘယ်အပြစ်မျှမပါဘဲ၊ ရှေ့တော်သို့ ငြိမ်ဝပ်စွာ ရောက်မည်အကြောင်း ကြိုးစားအားထုတ်ကြလော့။

15. ငါတို့ချစ်သော ညီပေါလုသည်၊ မိမိခံရသော ဥာဏ်ပညာအတိုင်း သင်တို့အား ရေး၍ ပေးလိုက်သောစာ၌၎င်း၊ သူသည်ဤအရာများ ကိုပြော၍စီရင်သော ဩဝါဒစာရှိသမျှတို့၌၎င်း ပါသည်နှင့်အညီ၊ ငါတို့ သခင်ဘုရားသည်းခံတော်မူခြင်းသည် ကယ်တင်မည် အကြောင်း ဖြစ်သည်ဟုမှတ်ကြလော့။

16. ထိုစာတို့၌ ခက်ခဲသော အရာအချို့ရှိ၏။ မတတ်သောသူ၊ တည်ကြည်ခြင်းမရှိသော သူတို့သည်၊ ထိုအရာမှစ၍ ကြွင်းသော ကျမ်းစာ၏ အနက်ကို မှောင်လှန်၍၊ ကိုယ်ကိုကိုယ်ဖျက်ဆီးတတ်ကြ၏။

17. သို့ဖြစ်၍၊ ချစ်သူတို့၊ မတရားသော သူတို့၏ ပရိယာယ်အားဖြင့်၊ သင်တို့သည်လည်း သွေးဆောင်ရာသို့ လိုက်၍၊ သင်တို့တည်ကြည်ခြင်းမှ မရွေ့လျော့မည် အကြောင်း၊ ဤအရာများကို သိနှင့်ပြီဖြစ်၍၊ ကိုယ်ကို ကိုယ်စောင့်ရှောက်ကြလော့။

18. ကျေးဇူးတော်၌၎င်း၊ ငါတို့ကို ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌၎င်း ကြီးပွားကြလော့။ ထိုသခင်သည် ယခုမှစ၍ ထာဝရ နေ့ရက်ကာလပတ်လုံးဘုန်းအသရေရှိတော်မူစေ သတည်း။ အာမင်။ရှင်ပေတရုဩဝါဒစာဒုတိယစောင်ပြီး၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ပေ 3