ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ကော 10:4-11 Judson Bible (BJB)

4. ငါတို့စစ်တိုက်၍သုံးစွဲသော လက်နက်သည် ဇာတိပကတိလက်နက်မဟုတ်။ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင်သော လက်နက်ဖြစ်၏။

5. ထိုလက်နက်အားဖြင့် လူတို့၏အကြံအစည်တို့ကို၎င်း၊ ဘုရားသခင်ကိုသိသောပညာကို တားဆီးသော မာန်မာနရှိသမျှတို့ကို၎င်း၊ နှိမ့်ချမှောက်လှန်၍၊ ခပ်သိမ်းသောစိတ်တို့ကို ဘမ်းသွားချုပ်ထားလျက်၊ ခရစ်တော်၏ စကားကို နားထောင်စေကြ၏။

6. သင်တို့၏နားထောင်ခြင်းအမှုသည် ပြည့်စုံပြီးမှ၊ နားမထောင်ဘဲနေသော သူအပေါင်းတို့ကို ဒဏ်ပေးခြင်းငှါ ငါတို့သည် အသင့်ရှိကြ၏။

7. မျက်နှာကိုသာ ကြည့်မှတ်ကြသလော့။ အကြင်သူက၊ ငါသည်ခရစ်တော်၏လူဖြစ်သည်ဟု မိမိ၌ စွဲလမ်းခြင်းရှိ၏၊ ထိုသူသည် ခရစ်တော်၏လူဖြစ်သကဲ့သို့၊ ငါတို့ သည်လည်း ခရစ်တော်၏ လူဖြစ်ကြောင်းကို တဖန် အလိုအလျောက် ဆင်ခြင်သိမှတ်စေ။

8. သင်တို့ကို ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှါမဟုတ်။ တည်ဆောက်ခြင်းအလိုငှါ သခင်ဘုရားသည် ငါတို့၌ အပ်ပေးတော်မူသော တန်ခိုးကို ငါသည်သာ၍ ဝါကြွားသော်လည်း၊ ရှက်ကြောက်စရာအကြောင်းမရှိ၊

9. ငါရေး၍ပေးလိုက်သောစာအားဖြင့်သာ သင်တို့ကို ခြိမ်းချောက်သကဲ့သို့ ငါမပြုလို။

10. အကြောင်းမူကား၊ ထိုသူ၏ စာသည် လေးလံသောစာ၊ တန်ခိုးနှင့် ပြည့်စုံသောစာဖြစ်၏။ ကိုယ်တိုင် ရှိလျှင်မူကား၊ သတ္တိမရှိသောသူ၊ အချည်းနှီးသော စကားကို ပြောသောသူဖြစ်သည်ဟုဆိုတတ်သောသူရှိ၏။

11. ငါတို့သည်ကိုယ်တိုင်မရှိ၍ စာ၌ပါသော စကားအားဖြင့်ဖြစ်သကဲ့သို့၊ ကိုယ်တိုင်မျက်မှောက် ရှိသောအခါ အမှုအားဖြင့် ဖြစ်လိမ့်မည်ဟု ထိုသူသည် ဆင်ခြင်သိမှတ်စေ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ကော 10