ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ယော 3:16-19 Judson Bible (BJB)

16. ခရစ်တော်သည် ငါတို့အဘို့အလိုငှါ အသက်တော်ကို စွန့်တော်မူသည်အရာကို ငါတို့သည် ထောက်၍၊ မေတ္တာတော်ကို သိရကြပြီ။ ငါတို့သည်လည်း ညီအစ်ကိုချင်းတို့အဘို့အလိုငှါ အသက်ကိုစွန့်ရကြ၏။

17. အကြင်သူသည် လောကီစည်းစိမ်ဥစ္စာရှိလျက်ပင်၊ မိမိညီအစ်ကိုဆင်းရဲခြင်းကိုမြင်၍၊ သနားခြင်း ကရုဏာစိတ်ကို ချုပ်တည်း၏။ ထိုသူ၌ဘုရားသခင်၏ မေတ္တာတော်သည် အဘယ်သို့တည်မည်နည်း။

18. ချစ်သားတို့၊ ငါတို့သည် စကားပြောကာမျှအားဖြင့်သာ မချစ်ဘဲ၊ စိတ်ပါကိုယ်ရောက် ဧကန်အမှန် ချစ်ကြကုန်အံ့။

19. ထိုသို့ချစ်လျှင်၊ ကိုယ်တိုင်သမ္မာတရားနှင့် ဆိုင်သည်ကို ကိုယ်သိရ၍၊ ဘုရားသခင့်ရှေ့တော်၌ ကိုယ်စိတ်နှလုံးကို သက်သာစေကြလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ယော 3