ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ယော 1:1-5 Judson Bible (BJB)

1. ရှေ့ဦးစွာကပင်ဖြစ်၍၊ ငါတို့သည် ကိုယ်တိုင်ကြားလျက်၊ ကိုယ်မျက်စိနှင့်မြင်လျက်၊ စေ့စေ့ကြည့်ရှု၍ လက်နှင့် စမ်းသပ်ခဲ့ပြီးသောအရာတည်းဟူသော အသက်ရှင်သောနှုတ်ကပတ်တော်နှင့်ဆိုင်သောအရာကို သင်တို့အားပြသကြ၏။

2. ထိုအသက်သည်ထင်ရှားခဲ့ပြီ။ ငါတို့လည်း မြင်ရကြပြီ။ ခမည်းတော်နှင့်အတူရှိဘူး၍၊ ငါတို့အား ထင်ရှားခဲ့ပြီးသော ထိုထာဝရအသက်ကို၊ ငါတို့သည် သင်တို့အား သက်သေခံ၍ပြသကြ၏။

3. ငါတို့သည် ခမည်းတော်နှင့်၎င်း၊ သားတော်ယေရှုခရစ်နှင့်၎င်း၊ မိဿဟာယဖွဲ့ရသည်ဖြစ်၍၊ သင်တို့သည် ငါတို့နှင့် မိဿဟာယဖွဲ့စေခြင်းငှါ၊ ငါတို့ကြားမြင်ရသောအရာကို သင်တို့အားပြသကြ၏။

4. သင်တို့၏ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါလည်း၊ ဤအရာများကို ငါတို့သည် ရေးလိုက်ကြ၏။

5. ထိုနှုတ်ကပတ်တော်ထံ၌ ငါတို့သည်ကြားရ၍၊ သင်တို့အား ပြသသောတရားစကားဟူမူကား၊ ဘုရားသခင်သည်အလင်း ဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ယော 1