ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ပေ 2:6-20 Judson Bible (BJB)

6. ထိုသို့နှင့်အညီကျမ်းစာလာသည်ကား၊ ရွေးချယ်သော တိုက်ထောင့်အမြစ်ကျောက်မြက်ကို ဇိအုန် တောင်ပေါ်မှာ ငါချိတ်ထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ရှက်ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း။

7. သို့ဖြစ်၍ ယုံကြည်ခြင်းရှိသော သင်တို့၌ကားဘုန်းအသရေရှိ၏။ နားမထောင်သောသူတို့၌ကား၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသော ကျောက်သည် နောက်တဖန်တိုက်ထောင့်အထွဋ်ဖျားသို့ ရောက် ပြန်၏။

8. နားမထောင်ဘဲ နှုတ်ကပတ်တရားတော်ကို ထိမိ၍ လဲသောသူတို့သည် ထိမိ၍ လဲစရာကျောက်၊ မှားယွင်းစရာကျောက်လည်းဖြစ်၏။ ထိုအမှုနှင့် တွေ့စေခြင်းငှါ ထိုသူတို့ကို ခန့်ထားတော်မူသတည်း။

9. သင်တို့မူကား၊ မှောင်မိုက်ထဲမှ အံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသော သူ၏ဂုဏ် ကျေးဇူးများကို ဘော်ပြစေခြင်းငှါ၊ ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်းဖြစ်ကြ၏။

10. အထက်ကအပေါင်းအသင်းမဟုတ်၊ ယခုတွင် ဘုရားသခင်၏ အပေါင်းအသင်းဖြစ်ကြ၏။ ကရုဏာ ကျေးဇူးတော်ကို အထက်ကမခံရသော်လည်းယခုတွင် ခံရကြ၏။

11. ချစ်သူတို့၊ ဝိညာဉ်နှင့်စစ်ပြိုင်တတ်သော ကိုယ်ကာယတပ်မက်ခြင်းတို့ကို ရှောင်မည်အကြောင်း၊ ဧည့်သည်အာဂန္တုကဲ့သို့သော သင်တို့ကို ငါတောင်းပန်၏။

12. သာသနာပလူတို့သည် သင်တို့ကိုကဲ့ရဲ့ပြစ်တင်ကြသည်အမှုမှာ၊ ဘုရားသခင်ကြည့်ရှု စီရင်တော်မူသော နေ့ရက်၌၊ သင်တို့၏ ကောင်းသောအကျင့်ကို သူတို့သည် ထောက်ရှု၍ ဘုရားသခင်ကိုချီးမွမ်းမည်အကြောင်း၊ သူတို့ ရှေ့၌တင့်တယ်လျောက်ပတ်စွာ ကျင့်နေကြလော့။

13. သခင်ဘုရား၏မျက်နှာတော်ကို ထောက်လျက်၊ အထွဋ်အမြတ်တည်းဟူသောရှင်ဘုရင်ဖြစ်စေ၊ လူဆိုး တို့ကို ဒဏ်စီရင်စေခြင်းငှါ၎င်း၊ လူကောင်းတို့ကို ချီးမွမ်းစေခြင်းငှါ၎င်း၊

14. ရှင်ဘုရင်ခန့်ထားသော ဝန်မင်းဖြစ်စေ၊ လူတို့တွင် စီရင်ခန့်ထားသမျှသောမင်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။

15. အကြောင်းမူကား၊ သင်တို့သည် ကောင်းသောအကျင့်ကို ကျင့်သောအားဖြင့် လူမိုက်တို့၏ မိုက်မဲသော စကားကို ချေစေခြင်းငှါ၊ ဘုရားသခင်သည် ထိုသို့သော အလိုတော်ရှိ၏။

16. လူလွတ်ဖြစ်သော်လည်း၊ လွတ်ခြင်းအကြောင်းဖြင့် မကောင်းသောအမှုတို့ကို ဖုံးအုပ်သောသူကဲ့သို့ မကျင့်၊ ဘုရားသခင်၏ ကျွန်ကဲ့သို့ကျင့်နေကြလော့။

17. ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့။ ညီအစ်ကိုများကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ရှင်ဘုရင်ကိုရိုသေခြင်း ရှိကြလော့။

18. အစေခံငယ်သားတို့၊ အလွန်ကြောက်ရွံ့ခြင်းနှင့်တကွ ကိုယ်သခင်တို့၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ သခင်သည်စိတ်ကောင်း၍ ဖြည်းညှင်းသောသဘောရှိသည်ဖြစ်စေ၊ ကြမ်းတမ်းသောသဘောရှိသည်ဖြစ်စေ ဝန်ခံကြလော့။

19. အကြောင်းမူကား၊ ဘုရားသခင်၏မျက်နှာတော်ကိုထောက်၍၊ မတရားသောညှဉ်းဆဲခြင်းကို နာကျင်စွာခံရလျှင် ကျေးဇူးရှိ၏။

20. ကိုယ်အပြစ်ကြောင့် ဒဏ်ခံရသောအခါ သည်းခံလျှင်၊ အဘယ်ချီးမွမ်းစရာရှိသနည်း။ ကောင်းမွန်စွာပြု ၍ ဆင်းရဲခံရသောအခါ သည်းခံလျှင်၊ ဘုရားသခင့် ရှေ့တော်၌ ကျေးဇူးရှိ၏။ ၂

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ပေ 2