ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ကော 16:14-17 Judson Bible (BJB)

14. သင်တို့သည် ခပ်သိမ်းသော အမှုတို့ကို ချစ်ခြင်း မေတ္တာစိတ်နှင့် ဆောင်ရွက်ကြလော့။

15. ညီအစ်ကိုတို့၊ သတေဖန်၏အိမ်သူအိမ်သား တို့သည် အခါယပြည်တွင်အဦးသီးသော အသီးဖြစ်၍၊ သန့်ရှင်းသူတို့၏အမှုကို ဆောင်ရွက်ခြင်းငှါ ကိုယ်ကိုကိုယ် အပ်ကြောင်းကို သင်တို့ သိကြသည်နှင့်အညီ၊

16. ထိုသို့သော သူတို့၏ အုပ်စိုးခြင်းကို၎င်း၊ ငါတို့နှင့် အတူလုပ်ကိုင်၍ အမှုဆောင်သောသူရှိသမျှတို့၏ အုပ်စိုးခြင်းကို၎င်း၊ သင်တို့ဝန်ခံကြမည်အကြောင်း ငါ တောင်းပန်၏။

17. သတေဖန်၊ ဖော်တုနတ်၊ အခါယကုတို့သည် ရောက်လာသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ကော 16