ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ကော 16:1-9 Judson Bible (BJB)

1. သန့်ရှင်းသူတို့အဘို့ လှူဒါန်း၍ စုထားခြင်းအမှုမှာ ဂလာတိပြည်၌ အသင်းတော်များကို ငါမှာထားသည်အတိုင်း သင်တို့ပြုကြလော့။

2. ငါရောက်လာသောအခါ လှူဒါန်း၍ စုထားစရာ မရှိစေခြင်းငှါ၊ ခုနစ်ရက်တွင် ပဌမနေ့ရက်၌ အသီးအသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ဥစ္စာတဘို့ကို ထုတ်၍ စုထားကြလော့။

3. ငါရောက်လာသောအခါ၊ သင်တို့အလိုရှိသော သူတို့ကို ငါသည် လက်မှတ်စာပေး၍၊ သင်တို့လှူသော အလှူကို ယေရုရှလင်မြို့သို့ ပို့စိမ့်သောငှါ စေလွှတ်မည်။

4. သို့မဟုတ် ငါ့ကိုယ်တိုင်သွားသင့်လျှင်၊ သူတို့သည် ငါနှင့်အတူ လိုက်ရကြမည်။

5. မာကေဒေါနိပြည်လမ်းကိုငါသွားမည်ဖြစ်၍၊ ထိုပြည်မှ ထွက်ပြီးလျှင် သင်တို့ရှိရာသို့လာမည်။

6. နောက်မှအခြားသို့ ငါသွားသောအခါ၊ သင်တို့ ပို့သောကျေးဇူးကို ခံခြင်းငှါ၊ သင်တို့ဆီမှာ ငါတည်းခို၍ ဆောင်းကာလပတ်လုံး နေကောင်းနေလိမ့်မည်။

7. ယခုသွားစဉ်တွင် သင်တို့ကို တွေ့မြင်ခြင်းငှါသာ အလိုမရှိ၊ နောက်မှသခင်ဘုရားသည် အခွင့်ပေးတော်မူလျှင်၊ သင်တို့နှင့်အတူ ကြာမြင့်စွာနေမည်ဟု မြော်လင့် ခြင်း ရှိ၏။

8. ပင်တေကုတ္တေ ပွဲနေ့တိုင်အောင် ဧဖက်မြို့၌ ငါနေရမည်။

9. အကြောင်းမူကား၊ အလွန်ကြီးစွာသော တံခါးသည် အဆင်သင့်၍ ငါ့အားဖွင့်လျက်ရှိ၏။ ဆီးတားသော သူအများလည်း ရှိကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ကော 16