ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ကော 10:7-14 Judson Bible (BJB)

7. လူတို့သည် စားသောက်လျက် ထိုင်နေကြ၏။ နောက်တဖန် ကခုန်မြူးထူးခြင်းငှါ ထကြ၏ဟု ကျမ်းစာ လာသည်အတိုင်း၊

8. ထိုသူအချို့တို့သည် ရုပ်တုကို ကိုးကွယ်သကဲ့သို့ မကိုးကွယ်ကြနှင့်။ ထိုသူအချို့တို့သည် မတရားသော မေထုန်အမှုကိုပြု၍ တနေ့ခြင်းတွင် လူနှစ်သောင်း သုံးထောင်လဲ၍သေသကဲ့သို့ မပြုဘဲ၊ မတရားသော မေထုန်ကိုရှောင်ကြကုန်အံ့။

9. ထိုသူအချို့တို့သည် စုံစမ်းနှောင့်ရှက်ခြင်းကို ပြု၍၊ မြွေဖြင့် ပျက်စီးသကဲ့သို့ ငါတို့သည်မပြု၊ ခရစ်တော် ကို မစုံစမ်းမနှောင့်ရှက်ဘဲနေကြကုန်အံ့။

10. ထိုသူအချို့တို့သည် မြည်တမ်းခြင်းကိုပြု၍၊ ဖျက်ဆီးသောသူ၏ လက်ဖြင့် ပျက်စီးသကဲ့သို့မဟုတ်၊ မြည်တမ်းခြင်းကိုမပြုကြနှင့်။

11. ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေ ဖြစ်အံ့သောငှါ ထိုသူတို့၌ ရောက်ကြ၏။ ကပ်ကာလ အဆုံးတွင် ဖြစ်သောငါတို့ကို ဆုံးမစရာဘို့ ကျမ်းစာ၌ ရေးထားလျက်ရှိသတည်း။

12. ထိုကြောင့် အကြင်သူသည် မိမိတည်ကြည် လျက်နေသည်ဟု မိမိထင်မှတ်၏။ ထိုသူသည် မလဲခြင်းငှါ သတိပြုစေ။

13. လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ သင်တို့ မခံနိုင်သော စုံစမ်းနှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေး တော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ရှက်ခြင်းအရာနှင့်တကွ၊ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။

14. ထိုကြောင့် ငါ့ချစ်သူတို့၊ ရုပ်တို့ကို ကိုးကွယ်ခြင်း အမှုကို ကြဉ်ရှောင်ကြလော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ကော 10