ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ကော 1:18-20 Judson Bible (BJB)

18. အကြောင်းမူကား၊ ဆုံးရှုံးခြင်းသို့ရောက်သော သူတို့၌ လက်ဝါးကပ်တိုင်တော်တရားသည် မိုက်သော တရားဖြစ်၏။ ကယ်တင်ခြင်းသို့ ရောက်သောငါတို့၌ ထိုတရားသည် ဘုရားသခင်၏ တန်ခိုးတော် ဖြစ်၏။

19. ကျမ်းစာလာသည်ကား၊ ပညာရှိတို့၏ ပညာကို ငါဖျက်ဆီးမည်။ ဥာဏ်ကောင်းသောသူတို့၏ ဥာဏ်ကို လည်း ငါပယ်မည်ဟု လာသတည်း။

20. ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းပြု ဆရာကား အဘယ်မှာရှိသနည်း။ ပြဿနာ၌လေ့ကျက် သော ဆရာကား အဘယ်မှာ ရှိသနည်း။ လောကီပညာ ကို ဘုရားသခင်သည် မိုက်စေတော်မူသည် မဟုတ်လော။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ကော 1