ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ကော 1:11-14 Judson Bible (BJB)

11. အကြောင်းမူကား၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အချင်းချင်း မသင့်၊ ရန်တွေ့ခြင်းရှိသည်ကို၊ ခလောဣ အိမ်သားအချို့တို့သည် ပြောကြ၏။

12. သင်တို့က၊ ငါသည်ပေါလုတပည့်ဖြစ်၏။ ငါသည် အာပေါလုတပည့်ဖြစ်၏။ ငါသည်ကေဖ တပည့်ဖြစ်၏။ ငါသည်ခရစ်တော်တပည့် ဖြစ်၏ဟု အသီးအသီးပြောကြသောကြောင့် ငါဆိုရ၏။

13. ခရစ်တော်သည် ကွဲပြားသလော။ ပေါလုသည် သင်တို့အတွက် လက်ဝါးကပ်တိုင်မှာ အသေခံပြီလော။ သို့မဟုတ် သင်တို့သည် ပေါလု၏နာမ၌ ဗတ္တိဇံကို ခံကြပြီလော။

14. ကရိပ္ပုနှင့်ဂါယုမှတပါး၊ သင်တို့တွင် အဘယ်သူ အားမျှ ဗတ္တိဇံကို ငါမပေးသည်ဖြစ်၍ ဘုရားသခင်၏ ကျေးဇူးတော်ရှိပါ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ကော 1