ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 7:15-27 Judson Bible (BJB)

15. သေသောသူသည် ထိုင်၍စကားပြော၏၊ ကိုယ်တော်သည်လည်း ထိုသူကိုမိခင်အား အပ်ပေးတော်မူ၏။

16. လူအပေါင်းတို့သည် ကြောင့်ရွံ့ခြင်း သို့ရောက်၍၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှု ကြွတော်မူပြီ ဟူ၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။

17. ထိုသိတင်းတော်သည် ယုဒပြည်မှစ၍ ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြားကျော်စောလေ၏။

18. ယောဟန်၏ တပည့်တို့သည် ထိုအကြောင်းအရာအလုံးစုံတို့ကို မိမိဆရာအားကြားပြောကြ၏။

19. ထိုအခါ ယောဟန်သည် မိမိတပည့်နှစ်ယောက်ကို ခေါ်ပြီးလျှင် ယေရှုထံတော်သို့စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောသူမှန်သလော။ သို့မဟုတ် အခြားသောသူကို မြော်လင့်ရပါမည်လောဟု မေးလျှောက် စေ၏။

20. ထိုသူတို့သည် အထံတော်သို့ရောက်လျှင်၊ ကိုယ်တော်သည်ကြွလသောသူမှန်သလော။ သို့မဟုတ် အခြားသောသူကို မြော်လင့်ရပါမည်ဟု မေးလျှောက်စေခြင်းငှါ၊ ဗတ္တိဇံဆရာယောဟန်သည် အကျွန်ုပ်တို့ကို ကိုယ်တော်ထံသို့စေလွှတ်ပါပြီဟု လျှောက်ကြ၏။

21. ထိုအချိန်နာရီ၌ ယေရှုသည် လူများတို့ကို အနာရောဂါဝေဒနာဘေး၊ နတ်ဆိုးဘေးနှင့် ကင်းလွတ်စေတော်မူ၏။ မျက်စိကန်းသောသူများတို့ကိုလည်း မျက်စိမြင်စေခြင်းငှါ ကျေးဇူးပြုတော်မူ၏။

22. ထိုအခါယေရှုက၊ သင်တို့သည်ကြားရသမျှ၊ မြင်ရသမျှတို့ကိုသွား၍ ယောဟန်အား ကြားလျှောက်ကြလော့။ မျက်စီကန်းသောသူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသောသူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသော သူတို့သည် သန့်ရှင်းခြင်းသို့ရောက်ရကြ၏။ နားပင်သောသူတို့သည် နားကြားရကြ၏။ သေသောသူတို့သည် ထမြောက်ခြင်းသို့ ရောက်ရကြ၏။

23. ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာ သိတင်းကိုကြားရကြ၏။ ငါ့ကြောင့်စိတ်မပျက်သောသူ သည် မင်္ဂလာရှိ၏ဟု ပြန်ပြောတော်မူ၏။

24. ယောဟန်စေလွှတ်သောသူတို့သည် သွားကြသည်နောက်၊ ယေရှုသည် ဟောဟန်ကို အကြောင်းပြု၍ ပရိတ်သတ်တို့အား၊ သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှါ တောသို့ထွက်သွားကြသနည်း။ လေလှုပ်သောကျူပင်ကို ကြည့်ရှုခြင်းငှါ သွားသလော့။

25. သို့မဟုတ်နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းငှါ သွားသလော။ တင့်တယ်သော အဝတ်ကိုဝတ်ဆင်၍ ကောင်းမွန်စွာ စားသောက်သောသူတို့သည် မင်းအိမ်၌ နေတတ်ကြ၏။

26. ပရောဖက်ကို ကြည့်ရှုခြင်းငှါ သွားသလော့။ မှန်ပေ၏။ ပရောဖက်ထက်ကြီးမြတ်သောသူလည်း ဖြစ်သည်ဟု ငါဆို၏။

27. ကျမ်းစာ၌လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကိုပြရသော ငါ၏တမန်ကိုသင့်ရှေ့၌ ငါစေလွှတ်၏ဟုဆုရာ၌ ထိုသူကိုဆိုလိုသနည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 7