ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 6:8-16 Judson Bible (BJB)

8. ကိုယ်တော်သည် ထိုသူတို့အကြံအစည်ကိုသိလျှင်၊ လက်သေသောသူအား၊ ထလော့။ အလယ်၌ မတ်တတ်နေလော့ဟု မိန့်တော်မူသည်အတိုင်း ထိုသူသည်ထ၍ မတ်တတ်နေ၏။

9. ယေရှုကလည်း၊ သင်တို့ကိုငါမေးမည်။ ဥပုသ်နေ့၌ အဘယ်သို့ပြုအပ်တနည်း။ ကျေးဇူးပြုအပ်သလော။ သူ့အကျိုးကို ဖျက်ဆီးအပ်သလော။ အသက်ကို ကယ်အပ်သလော၊ သတ်အပ်သလောဟု ပရိတ်သတ်တို့အား မေးတော်မူပြီးလျှင်၊

10. ထိုသူ အပေါင်းတို့ကို ပတ်လည်ကြည့်ရှုလျက်၊ သင်၏လက်ကို ဆန့်လော့ဟု ထိုသူအားမိန့်တော်မူ၍ သူသည်မိမိလက်ကိုဆန့်လျှင်၊ ထိုလက်သည် လက်တဘက်ကဲ့သို့ ပကတိဖြစ်လေ၏။

11. ထိုသူများတို့သည် ဒေါသစိတ်နှင့် ယစ်မူး၍ ယေရှုအား အဘယ်သို့ပြုအံ့နည်းဟု အချင်းချင်း ဆွေးနွေးကြ၏။

12. ထိုနေ့ရက်ကာလ၌ ကိုယ်တော်သည် ဆုတောင်းပဌနာပြုခြင်းငှါ တောင်ပေါ်သို့ကြွ၍ ဘုရားသခင်အား ဆုတောင်းပဌာနာပြုလျက် တညဉ့်နေတော်မူ၏။

13. မိုဃ်းလင်းသောအခါ တပည့်တော်တို့ကို ခေါ်တော်မူ၍၊

14. ပေတရုအမည်သစ်ကိုရသော ရှိမုန်နှင့်သူ့ညီ အန္ဒြေ၊ ယာကုပ်နှင့်ယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊

15. မဿဲနှင့်သောမ၊ အာလဖဲ၏သားယာကုပ်နှင့် ဇေလုပ်ဟုခေါ်ဝေါ်သော ရှိမုန်၊

16. ယာကုပ်၏ ညီယုဒနှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်တည်းဟူသော တကျိပ်နှစ်ပါးတို့ကို ရွေးကောက်၍ တမန်တော်အမည်ဖြင့် သမုတ်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 6