ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 5:20-23 Judson Bible (BJB)

20. ကိုယ်တော်သည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင်၊ လူနာအား၊ အချင်းလူ၊ သင်၏အပြစ်ကို လွတ်စေပြီဟု မိန့်တော်မူ၏။

21. ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က၊ ဘုရားကိုလွန်ကျူး၍ ပြောသောဤသူကား အဘယ်သူနည်း။ ဘုရားသခင်မှတပါး အဘယ်သူသည် အပြစ်ကို လွှတ်နိုင်သနည်းဟု ထင်မှတ်ကြ၏။

22. ယေရှုသည် ထိုသူတို့၏ ထင်မှတ်ခြင်းကိုသိတော်မူလျှင်၊ သင်တို့စိတ်ထဲမှာအဘယ်ကြောင့် ထင်မှတ် ကြသနည်း။

23. အဘယ်စကားကိုသာ၍ ပြောလွယ်သနည်း။ သင်၏အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင် ထ၍ လှမ်းသွားလော့ ပြောလွယ်သလော။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 5