ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 3:1-4 Judson Bible (BJB)

1. ကဲသာဘုရင် တိဗေရိနန်းစံတဆယ်ငါးနှစ်တွင်၊ ယုဒပြည်၌ ပုန္တိပိလတ်သည်မြို့ဝန်အရာ၊ ဂါလိလဲပြည်၌ ဟေရုဒ်သည် စော်ဘွားအရာ၊ ဣတုရဲပြည်နှင့် တရာခေါနိပြည်၌ ဟေရုဒ်ညီဖိလိပ္ပုသည် စော်ဘွားအရာ၊ အဘိလင်ပြည်၌ လုသာနိသည် စောဘွားအရာ၊

2. အန္နနှင့်ကယာဖတို့သည် ယဇ်ပုရောဟိတ်မင်းအရာ၊ အသီးအသီးရှိကြသောအခါ၊ တော၌ရှိသော ဇာခရိ၏သားယောဟန်သည် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ခံရ၏။

3. ပရောဖက်ဟေရှာယ၏ ကျမ်းစာ၌လာသည်ကား၊ တော၌ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့။

4. လမ်းခရီးတော်ကို ဖြောင့်စေကြလော့။ ချိုင့်ဝှမ်းရာရှိသမျှတို့ကို ဖို့ရမည်။ တောင်ကြီးတောင်ငယ်ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သောလမ်းများကို ဖြောင့်စေရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 3