ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 21:13-18 Judson Bible (BJB)

13. ထိုသို့သောအားဖြင့် သင်တို့သည် သက်သေခံရသောအခွင့်ရှိကြလိမ့်မည်။

14. ထိုကြောင့် သင်တို့သည် အဘယ်သို့ပြန်ပြောရမည်ကို ရှေ့မဆွက မဆင်ခြင်ခြင်းငှါ သတိထားကြလော့။

15. အကြောင်းမူကား၊ ရန်သူအပေါင်းတို့သည် မငြင်းခုံမဟန့်တားနိုင်သော နှုတ်သတ္တိ၊ ဉာဏ်သတ္တိကို ငါပေးမည်။

16. သင်တို့မိဘ၊ ညီအစ်ကို၊ ပေါက်ဘော်၊ အဆွေခင်ပွန်းတို့သည် သင်တို့ကို အပ်နှံကြလိမ့်မည်။ အချို့တို့ ကိုလည်း သတ်ကြလိမ့်မည်။

17. လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။

18. သို့သော်လည်း သင်တို့ ဆံခြည်တပင်မျှ မပျက်စီးရ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 21