ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 21:1-5 Judson Bible (BJB)

1. ထိုနောက် ကိုယ်တော်သည် မျှော်ကြည့်၍၊ ငွေရတတ်သောသူတို့သည် အလှူဒါနကို ဘဏ္ဍာတိုက်ထဲသို့ သွင်းချသည်ကို မြင်တော်မူ၏။

2. ဆင်းရဲသော မုတ်ဆိုးမတယောက်သည်လည်း ကြေးနီဒင်္ဂါးနှစ်ပြား သွင်းချသည်ကို မြင်တော်မူလျှင်၊

3. ငါအမှန်ဆိုသည်ကား၊ ထိုဆင်းရဲသော မုတ်ဆိုးမသည် အခြားသောသူအပေါင်းတို့ထက် သာ၍ သွင်းချပြီ။

4. အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနှုတ်၍ ဘုရားသခင်၏ အလှူတော်စုထဲသို့ သွင်းချကြ၏။ ထိုမိန်းမမူကား၊ အလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာ ဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ၏။

5. လူအချို့တို့သည် လာ၍ ဗိမာန်တော်သည် တင့်တယ်သောကျောက်ပြားနှင့်၎င်း၊ ပူဇော်သက္ကာများနှင့်၎င်း ဆင်ပြင်လျက် ရှိပါ၏ဟုလျှောက်ကြလျှင်၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 21