ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 14:26-35 Judson Bible (BJB)

26. အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သား မယား၊ ညီအစ်ကို၊ နှမတို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို ၎င်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။

27. အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါ့တပည့် မဖြစ် နိုင်ရာ။

28. သင်တို့တွင် တယောက်သောသူသည် တိုက်ကို တည်မည်ဟု အကြံရှိလျှင်၊ ထိုတိုက်ပြီးအောင် ငွေလောက်မည် မလောက်မည်ကို သိခြင်းငှါ၊ ရှေ့ဦးစွာ ထိုင်၍ ကုန်စရိတ်ကို မချင့်တွက်ဘဲနေမည်လော။

29. သို့မဟုတ် တိုက်မြစ်ကိုတည်၍ တိုက်ကို မပြီးနိုင်လျှင်၊ သိမြင်သောသူအပေါင်းတို့က၊

30. ဤသူသည် တည်စပြု၍ အစမသတ်နိုင်ဟု ကဲ့ရဲ့ကြလိမ့်မည်။

31. တနည်းကား၊ တစုံတယောက်သော ရှင်ဘုရင်သည် အခြားသောရှင်ဘုရင်နှင့် စစ်ပြိုင်မည်ဟု အကြံရှိလျှင်၊ လူနှစ်သောင်းနှင့် ချီလာသော ရှင်ဘုရင်ကို လူတသောင်းနှင့် ခံနိုင်မည် မခံနိုင်မည်ကို ရှေ့ဦးစွာထိုင်၍ မဆင်ခြင်ဘဲ နေမည်လော။

32. မခံနိုင်သည် မှန်လျှင်၊ အခြားသော ရှင်ဘုရင်ဝေးသေးသောအခါ သံတမန်ကို စေလွှတ်၍ စစ်ငြိမ်းမည်အကြောင်း တောင်းပန်တတ်သည်မဟုတ်လော။

33. ထိုနည်းတူ၊ သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကို မစွန့်ဘဲနေ၏။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။

34. ဆားမူကား ကောင်း၏။ သို့သော်လည်း အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရ ပြန်မည်နည်း။

35. မြေဘို့မကောင်း၊ အမှိုက်ပုံဘို့ မကောင်း၊ ထိုဆားကို ပြင်သို့ပစ်လိုက်တတ်၏။ ကြားစရာနားရှိသော သူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 14