ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 13:27-31 Judson Bible (BJB)

27. သခင်က၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ငါဆိုပြီ။ မတရားသောအမှုကိုပြုသောသူအပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြဟု ပြောလိမ့်မည်၊

28. ထိုအခါ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်မှစသော ပရောဖက်အပေါင်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်၍၊ သင်တို့သည် ပြင်သို့ နှင်ထုတ်ခြင်းကို ခံရသောအခါငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိလတံ့။

29. ထိုအခါ အရှေ့အနောက်တောင်မြောက်အရပ် လေးမျက်နှာကလာ၍ ဘုရားသခင်၏ နိုင်ငံတော်ထဲတွင် လျောင်းရကြလတံ့။

30. နောက်ကျသောသူအချို့တို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအချို့တို့သည် နောက်ကျကြလိမ့်မည်ဟု မိန့်တော်မူ၏။

31. ထိုအခါ ဖာရိရှဲအချို့တို့သည် အထံတော်သို့လာ၍၊ ဤအရပ်မှ ထွက်သွားပါ။ ဟေရုဒ်မင်းသည် ကိုယ်တော်ကိုသတ်မည် အကြံရှိပါသည်ဟု လျှောက်ကြလျှင်၊ ကိုယ်တော်က၊ သင်တို့သွားကြလော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 13