ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 10:6-19 Judson Bible (BJB)

6. ထိုအိမ်၌မင်္ဂလာသားရှိလျှင်၊ သင်တို့မြွက်သော မင်္ဂလာသည်တည်လိမ့်မည်။

7. သို့မဟုတ် သင်တို့ထံသို့ ပြန်လာလိမ့်မည်။ ထိုအိမ်နေ၍ အစားအသောက်စီရင်ရာကို စားသောက်ကြလော့။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် အခကိုခံထိုက်ပေ၏။ တအိမ်မှ တအိမ်သို့လှည့်လည်၍ မသွားကြနှင့်။

8. အကြင်မြို့သို့သင်တို့ဝင်၍ မြို့သားတို့သည်လက်ခံ၏။ ထိုမြို့၌သင်တို့ရှေ့မှာထည့်သမျှကို စားကြလော့။

9. လူနာများကို ချမ်းသာပေးကြလော့။ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌ တည်ထောင်သော အချိန်နီးပြီဟု သူတို့အား ဟောပြောကြလော့။

10. အကြင်မြို့သို့ ဝင်၍မြို့သားတို့သည် လက်မခံအံ့၊ ထိုမြို့၏လမ်းသို့ ထွက်ပြီးလျှင်၊ ငါတို့၌ကပ်သော သင်တို့မြို့၏ မြေမှုန့်ကို ငါတို့ခါလိုက်၏။

11. သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အနီးသို့ရောက်ကြောင်းကို သိမှတ်ကြဟု သူတို့အားပြောကြလော့။

12. ငါဆိုသည်ကား၊ နောက်ဆုံးသောနေ့၌ ထိုမြို့သည် သောဒုံမြို့ထက်သာ၍ခံရလတံ့။

13. အိုခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အိုဇက်ဇဲဒမြို့၊ သင်သည်အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ သင်တို့တွင် ပြေသောတန်ခိုးကို တုရုမြို့နှင့် ဇိဒုန်မြို့တို့တွင် ပြဘူးလျှင်၊ ထိုမြို့တို့သည် ရှေးကာလ၌ လျှော်တေအဝတ်ကိုဝတ်၍၊ ပြာထဲမှထိုင်လျက် နောင်တရကြလိမ့်မည်။

14. တရားဆုံးဖြတ်တော်မူသောအခါ သင်တို့သည် တုရုမြို့နှင့် ဇိဒုန်မြို့ထက်သာ၍ ခံရကြလတံ့။

15. အိုကပေရနောင်မြို့၊ သင်သည် မိုဃ်းကောင်းကင်တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလတံ့။

16. သင်တို့၏စကားကို နားထောင်သောသူသည် ငါ့စကားကို နားထောင်၏။ သင်တို့ကို ပယ်သောသူသည် ငါ့ကိုပယ်၏။ ငါ့ကိုပယ်သောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို ပယ်သည်ဟု မိန့်တော်မူ၏။

17. ထိုခုနစ်ကျိပ်သော တပည့်တော်တို့သည် ဝမ်းမြောက်သောစိတ်နှင့် ပြန်လာ၍၊ သခင်၊ ကိုယ်တော်၏ နာမအားဖြင့် အကျွန်ုပ်တို့သည် နတ်ဆိုးကိုပင် နိုင်ပါသည်ဟု လျှောက်ကြ၏။

18. ယေရှုကလည်း၊ စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကို ငါမြင်ပြီ။

19. သင်တို့သည် မြွေ၊ ကင်းမြီးကောက်တို့ကို နိုင်ရသောအခွင့်နှင့် ရန်သူများကိုနိုင်ရသော အခွင့်တန်ခိုးကို ငါပေး၏။ သင်တို့ကို အဘယ်ဘေးမျှ မညှဉ်းဆဲရ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 10