ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 1:34-37 Judson Bible (BJB)

34. မာရိကလည်း၊ ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်ယောက်ျားနှင့် မဆက်ဆံပါဟု ကောင်းကင်တမန်အား ပြန်ပြော၏။

35. ကောင်းကင်တမန်ကလည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာ သက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။

36. ထိုမှတပါး၊ အမြုံမဟူ၍ခေါ်ဝေါ်သောသင်၏ အဆွေအမျိုးဧလိရှဗက်သည် ပဋိသန္ဓေစွဲယူ၍ ယခုခြောက်လအဝင်ရှိပြီ။

37. ဘုရားသခင်တတ်နိုင်တော်မမူသောအမှုမရှိဟု ပြောဆိုလျှင်၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 1