ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 1:1-9 Judson Bible (BJB)

1. ရှေးဦးစွာမှစ၍ ကိုယ်တိုင်မြင်သောသက်သေဖြစ်လျက်၊ နှုတ်ကပတ်တော်မှုကို ဆောင်ရွက်သောသူတို့သည်၊

2. ငါတို့သည် ထင်ရှားစွာဖြစ်လေပြီးသော အတ္ထုပ္ပတ္တိများကို ငါတို့အားကြားပြောသည် အစဉ်အတိုင်း မှတ်သားသောစာကို စီရင်ရေးထားသောသူ အများရှိကြသည်ဖြစ်၍၊

3. ငါသည်လည်း ထိုအတ္ထုပ္ပတ္တိအလုံးစုံတို့ကို ရှေ့ဦးစွာမှစ၍၊

4. စေ့စေ့ဖွေရှာလိုက်စစ်ပြီးလျှင်၊ ကိုယ်တော်သင်ပြီးသောအကြောင်းအရာတို့ကိုသည် ဧကန်အမှန်ဖြစ်ကြောင်းကို ကိုယ်တော်သိစေခြင်းငှါ အစဉ်အတိုင်းရေးထား၍ ကြားလိုက်မည်အကြံရှိပါ၏၊ အလွန်မြတ်သောသော်ဖိလု။

5. ယုဒပြည်ကိုအစိုးရသော ဟေရုဒ်မင်းကြီးလက်ထက်၊ အဘိယအသင်းအဝင်ဖြစ်၍၊ ဇာခရိအမည်ရှိသော ယဇ်ပုရောဟိတ်တပါးရှိ၏။ သူ၏ခင်ပွန်းသည် အာရုန်အမျိုးအနွယ်ဖြစ်၏။ သူ့အမည်ကား ဧလိရှဗက်တည်း။

6. ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရား၏ ပညတ်တရားတော်အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ်တင်ခွင့်နှင့်လွတ်သဖြင့်၊ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်ခြင်းပါရမီရှိကြ၏။

7. ဧလိရှဗက်သည် မြုံသောကြောင့် သူတို့သည်သားမရှိ။ ထိုသူနှစ်ယောက်တို့သည် အသက်အရွယ်ကြီးရင့်ကြ၏။

8. ဇာခရိသည် မိမိအသင်းနှင့်တကွ အလှည့်သင့်၍၊ ဘုရားသခင့်ရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်သည်တွင်၊

9. ယဇ်ပုရောဟိတ်ထုံးစံအတိုင်း စာရေးထံချသဖြင့်၊ သူသည်ထာဝရဘုရား၏ ဗိမာန်တော်အတွင်းသို့ ဝင်၍ နံ့သာပေါင်းကိုမီးရှို့၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 1