ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်ယောဟန် 5:9-14 Judson Bible (BJB)

9. ခဏခြင်းတွင် ထိုသူသည် ပကတိအဖြစ်သို့ရောက်၍၊ မိမိအိပ်ရာကိုဆောင်လျက် လှမ်းသွား၏။

10. ထိုနေ့သည် ဥပုသ်နေ့ဖြစ်၏။ ထိုကြောင့် ယုဒလူတို့က၊ ဥပုသ်နေ့ဖြစ်၏။ အိပ်ရာကို မဆောင်အပ်ဟု ရောဂါကင်းသော သူအားဆိုကြ၏။

11. သူကလည်း၊ အကျွန်ုပ်ကို ကျန်းမာစေသောသူက၊ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဆိုသည်ဟု ပြန်ပြော၏။

12. ယုဒလူတို့ကလည်း၊ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဟု သင့်အားဆိုသောသူကား အဘယ်သူနည်းဟု မေးမြန်းကြ၏။

13. ထိုသူကား၊ အဘယ်သူဖြစ်သည်ကို ရောဂါကင်းသောသူသည်မသိ။ အကြောင်းမူကား၊ ထိုအရပ်၌ လူစုဝေးလျက်ရှိသည်ဖြစ်၍၊ ယေရှုသည် မထင်မရှား ထွက်ကြွတော်မူ၏။

14. ထိုနောက်မှ ယေရှုသည်ဗိမာန်တော်၌ ထိုသူကို တွေ့တော်မူလျှင် သင်သည် ကျန်းမာခြင်းရှိ၏။ သာ၍ဆိုးသောဘေးနှင့် ကင်းလွတ်မည်အကြောင်း နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်ယောဟန် 5