55. ယုဒပသခါပွဲခံခါနီးတွင် လူများတို့သည်မိမိတို့ကိုသန့်ရှင်းစေခြင်းငှါ ပွဲမခံမှီအရပ်ရပ်တို့မှ ယေရုရှလင်မြို့သို့ လာကြ၏။
56. ထိုသူတို့သည် ယေရှုကိုရှာဖွေ၍၊ အချင်းတို့ အဘယ်သို့ထင်ကြသနည်း။ သူသည်ပွဲသို့မလာသလောဟု ဗိမာန်တော်၌ရပ်လျက် အချင်းချင်းမေးမြန်းကြ၏။
57. ထိုအခါအဘယ်သူသည် ယေရှုရှိရာအရပ်သို့ သူ့ကိုဘမ်းဆီးစေခြင်းငှါ ပြညွှန်ရမည်ဟု ယဇ်ပုရာဟိတ် အကြီးတို့နှင့် ဖာရိရှဲတို့သည်မှာခဲ့ကြပြီ။