ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 8:24-28 Judson Bible (BJB)

24. ထိုသူသည် ကြည့်မျှော်လျှင်၊ လူတို့သည် သစ်ပင်ကဲ့သို့ဖြစ်၍ လှမ်းသွားသည်ကို အကျွန်ုပ် မြင်ပါသည် ဟု လျှောက်၏။

25. နောက်တဖန်သူ၏မျက်စိပေါ်မှာ လက်တော်ကိုတင်၍ ကြည့်မျှော်စေတော်မူလျှင်၊ သူသည် ပကတိအဖြစ်သို့ ရောက်၍ အလုံးစုံတို့ကို ရှင်းလင်းစွာမြင်လေ၏။

26. ကိုယ်တော်ကလည်း၊ မြို့ထဲသို့မဝင်နှင့်။ မြို့၌ အဘယ်သူကိုမျှမပြောနှင့်ဟု မိန့်တော်မူ၍ သူ့ကို မိမိနေရာသို့ လွှတ်လိုက်လေ၏။

27. ယေရှုသည် ဖိလိပ္ပုကဲသရိမြို့၏ ကျေးလက်သို့ တပည့်တော်တို့နှင့်တကွ ကြွတော်မူစဉ်၊ လမ်းခရီး၌ လူများတို့သည် ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊

28. လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန်ဖြစ်သည်ဟူ၍၎င်း၊ အချို့က ဧလိယဖြစ်သည် ဟူ၍၎င်း၊ အချို့က ပရောဖက်တပါးပါးဖြစ်သည်ဟူ၍၎င်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 8