ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 6:23-34 Judson Bible (BJB)

23. တဖန်လည်း၊ သင်တောင်းသမျှကို ငါ့နိုင်ငံ တဝက်တိုင်အောင် ငါပေးမည်ဟု ကျိန်ဆိုလေ၏။

24. ထိုမိန်းမငယ်သည် ထွက်၍ အဘယ်အရာကို တောင်းရမည်နည်းဟု သူ၏အမိကိုမေးလျှင် အမိက၊ ဗတ္တိဇံဆရာယောဟန်၏ ဦးခေါင်းကို တောင်းလော့ဟု ပြန်ဆိုသော်၊

25. ချက်ခြင်းမိန်းမငယ်သည် မင်းကြီးထံသို့ အလျင်တဆောဝင်၍၊ ဗတ္တိဇံဆရာယောဟန်၏ ဦးခေါင်းကို ဤလင်ပန်း၌ အလျင်အမြန်ပေးတော်မူစေခြင်းငှါ ကျွန်မ အလိုရှိပါသည်ဟု တောင်းလျှောက်၏။

26. မင်းကြီးသည် အလွန်ဝမ်းနည်းခြင်းရှိသော်လည်း၊ ကျိန်ဆိုခြင်းကို၎င်း၊ အပေါင်းအဘော်တို့၏ မျက်နှာကို၎င်း၊ ထောက်သောကြောင့်၊ ထိုမိန်းမငယ်ကို မငြင်းမပယ်လို၍၊

27. ဦးခေါင်းကို ယူခဲ့ဟု အမိန့်တော်ရှိလျက် လူစောင့်တယောက်ကို ချက်ခြင်းစေလွှတ်လျှင်၊ လူစောင့်သည် သွား၍ ယောဟန်၏လည်ပင်းကို ထောင်ထဲမှာ ဖြတ်လေ၏။

28. ဦးခေါင်းကို လင်ပန်း၌ဆောင်ခဲ့၍ ထိုမိန်းမငယ်အားပေးပြီးမှ မိန်းမငယ်သည်လည်း သူ့အမိကို ပေး လေ၏။

29. ယောဟန်၏တပည့်တို့သည်လည်း ကြားသောအခါလာ၍အလောင်းကို ဆောင်သွားပြီးလျှင် သခင်္ျိုင်းတွင်း၌ ထားကြ၏။

30. တမန်တော်တို့သည် ယေရှုထံတော်၌ စုဝေး၍၊ မိမိတို့ပြုသမျှ သွန်သင်သမျှတို့ကို ကြားလျှောက်ကြ၏။

31. ကိုယ်တော်ကလည်း၊ တော၌ဆိတ်ကွယ်ရာအရပ်သို့ လာကြ။ ခဏအားဖြည့်၍ ငြိမ်သက်စွာ နေကြဟု မိန့်တော်မူ၏။ အကြောင်းမူကား၊ လူများ သွားလာကြသည်ဖြစ်၍ တမန်တော်တို့သည် အစာစားခြင်းငှါမျှ မအားနိုင်ကြ။

32. ထိုကြောင့်၊ လှေစီး၍ တော၌ ဆိတ်ကွယ်ရာအရပ်သို့ သွားကြ၏။

33. သွားကြသည်ကို လူများတို့သည်မြင်၍ ကိုယ်တော်ဖြစ်သည်ကို သိလျှင်၊ အမြို့မြို့အရွာရွာတို့မှ ထွက်၍ ထိုအရပ်သို့ ကုန်းကြောင်းပြေးသွားသဖြင့်၊ တမန်တော်တို့ အရင်ရောက်၍ အထံတော်၌စုဝေးကြ၏။

34. ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင်၊ ထိုသူတို့သည် ထိန်းသူမရှိ၊ ပစ်ထားသော သိုးကဲ့သို့ ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ၍ များစွာသော ဆုံးမဩဝါဒကို ပေးတော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 6