ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 6:1-10 Judson Bible (BJB)

1. ထိုအရပ်မှကြွ၍ တပည့်တော်တို့သည် လိုက်ကြသဖြင့် မိမိမြို့သို့ ရောက်တော်မူ၏။

2. ဥပုသ်နေ့ရောက်လျှင် တရားစရပ်၌ ဆုံးမဩဝါဒပေးတော်မူ၏။ လူများတို့သည် ကြားနာရလျှင် မိန်းမောတွေဝေခြင်းသို့ ရောက်၍၊ ဤသူသည် ဤအရာတို့ကို အဘယ်မှာရသနည်း။ သူရသော ပညာကား အဘယ်ပညာနည်း။ ဤမျှလောက်သော တန်ခိုးများကို အဘယ်သို့ပြနိုင်သနည်း။

3. သူသည် လက်သမားမဟုတ်လော။ မာရိ၏သား မဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒ၊ ရှိမုန်တို့၏ အစ်ကိုမဟုတ်လော။ သူ့နှမများသည်လည်း ငါတို့နှင့် အနီးအပါးနေကြသည်မဟုတ်လောဟု ပြောဆိုလျက် စေတနာစိတ်ပျက်ကြ၏။

4. ယေရှုကလည်း၊ ပရောဖက်သည် မိမိမြို့၊ မိမိအဆွေနေရာ၊ မိမိအိမ်မှတပါး အခြားသောအရပ်၌ အသရေရှိသည်ဟု ထိုသူတို့အားမိန့်တော်မူ၏။

5. မကျန်းမမာသောသူအချို့ကိုအပေါ်မှာ လက်တော်ကိုတင်၍ အနာကိုငြိမ်းစေခြင်းမှတပါး အဘယ်တန်ခိုးတော်ကိုမျှ ထိုအရပ်၌ ပြတော်မမူနိုင်။

6. ထိုသူတို့သည် မယုံကြည်ကြသည်ကို အံ့ဩခြင်းရှိတော်မူ၏။ ပတ်လည်၌ရှိသော မြို့ရွာများသို့ ဒေသစာရီ လှည့်လည်၍ ဆုံးမဩဝါဒပေးတော်မူ၏။

7. တကျိပ်နှစ်ပါးသောတပည့်တော်တို့ကို ခေါ်တော်မူပြီးမှ၊ ညစ်ညူးသောနတ်တို့ကို နိုင်စေခြင်းငှါ အခွင့်ပေးလျက်၊ နှစ်ယောက်စီနှစ်ယောက်စီစေလွှတ်တော်မူ၍၊

8. သင်တို့သည် တောင်ဝေးတခုမှတပါး လမ်းခရီးတို့ အဘယ်အရာကိုမျှ မယူကြနှင့်။ လွယ်အိတ်နှင့်မုန့် မှစ၍ ခါးပန်း၌ ကြေးငွေကို မယူကြနှင့်။

9. ခြေနင်းကို စီးကြလော့။ အင်္ကျီနှစ်ထပ်မဝတ်ကြနှင့်ဟု မှာထားတော်မူ၏။

10. ထိုမှတပါး သင်တို့သည် မည်သည်အိမ်သို့ဝင်လျှင်၊ ထိုအိမ်တွင် ထိုအရပ်မှ မထွက်မသွားမှီတိုင်အောင် နေကြလော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 6