ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 5:13-19 Judson Bible (BJB)

13. ယေရှုသည် ချက်ခြင်းအခွင့်ပေးတော်မူ၏။ ညစ်ညူးသောနတ်တို့သည် ထွက်၍ ဝက်ထဲသို့ ဝင်သဖြင့် ဝက်အစုသည် အိုင်ကမ်းစောက်ကို တဟုန်တည်းပြေးဆင်း၍ အိုင်၌အသက်ဆုံးကြ၏။ အရေအတွက်အားဖြင့် နှစ်ထောင်လောက်ရှိ၏။

14. ဝက်ကျောင်းသောသူတို့သည် ပြေး၍မြို့ရွာတို့၌ သိတင်းကြားပြောလျှင်၊ လူများတို့သည် ထိုအမူအရာတို့ကို ကြည့်ရှုအံ့သောငှါ ထွက်လာကြ၏။

15. အထံတော်သို့ ရောက်သောအခါ၊ နတ်ဆိုး လေဂေါင်စွဲသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့် ထိုင်နေသည်ကိုမြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။

16. နတ်ဆိုးစွဲသောသူ၌၎င်း၊ ဝက်တို့၌၎င်း၊ အဘယ်သို့ဖြစ်သည်ကို သိမြင်သောသူတို့သည် နောက်လာသောသူတို့အား ပြန်ကြားပြီးမှ၊

17. မိမိတို့ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ၏။

18. လှေထဲသို့ ဝင်တော်မူသောအခါ နတ်ဆိုးစွဲဘူးသောသူသည် ကိုယ်တော်နှင့်အတူ ရှိပါမည်အကြောင်း တောင်းပန်လျှင်၊

19. ကိုယ်တော်သည် အခွင့်မပေး။ သင်သည် ကိုယ်အိမ်သို့သွားလော့။ ထာဝရဘုရားသည် သနားခြင်းစိတ်တော်နှင့် သင်၌ အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို သင်၏အဆွေအမျိုးတို့အား ပြန်ကြားလော့ဟု မိန့်တော်မူလျှင်၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 5