ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 2:7-19 Judson Bible (BJB)

7. ဤသူသည် ဘုရားကိုလွန်ကျူး၍ အဘယ်ကြောင့် ဤသို့ပြောရသနည်း။ ဘုရားသခင်မှတပါး အဘယ်သူသည် အပြစ်ကိုလွှတ်နိုင်သနည်းဟု စိတ်ထဲမှာ ထင်မှတ်ကြ၏။

8. သူတို့စိတ်ထဲမှာ ထိုသို့ ထင်မှတ်ခြင်းရှိသည်ကို ယေရှုသည် မိမိဉာဏ်အားဖြင့် ချက်ခြင်းသိတော်မူလျှင်၊ သင်တို့ စိတ်ထဲမှာ အဘယ်ကြောင့် ဤသို့ထင်မှတ်ကြသနည်း။

9. လက်ခြေသေသောသူအား အဘယ်စကားကိုသာ၍ပြောလွယ်သနည်း။ သင်၏အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင်ထလော့။ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။

10. လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ ထလော့။

11. ကိုယ်အိပ်ရာကို ဆောင်၍ ကိုယ်အိမ်သို့သွားလော့ဟု သင့်အား၊ ငါဆိုသည်ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။

12. ထိုသူသည်လည်း ချက်ခြင်းထ၍ အိပ်ရာကိုဆောင်လျက် လူအပေါင်းတို့ရှေ့မှာထွက်သွား၏။ ထိုလူအပေါင်းတို့သည် မိန်းမောတွေဝေခြင်းရှိ၍၊ ဤကဲ့သို့ တခါမျှမမြင်စဖူးဟု ပြောဆို၍ ဘုရားသခင်၏ဂုဏ်တော် ကို ချီးမွမ်းကြ၏။

13. နောက်တဖန် အိုင်နားသို့ ကြွတော်မူ၍၊ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြလျှင်၊ သူတို့အား ဆုံးမဩဝါဒပေးတော်မူ၏။

14. လမ်း၌ကြွတော်မူစဉ်၊ အာလဖဲ၏သား လေဝိသည် အခွန်ခံရာတဲ၌ထိုင်နေသည်ကိုမြင်သော်၊ ငါ့နောက် သို့ လိုက်လော့ဟု မိန့်တော်မူ၏။

15. ထိုသူသည်လည်း ထ၍ နောက်တော်သို့လိုက်လေ၏။ ထိုနောက်မှ သူ၏အိမ်တွင် စားပွဲ၌ လျောင်းတော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌ လျောင်းကြ၏။ ထိုသူအများတို့သည် နောက်တော်သို့လိုက်ကြ၏။

16. ထိုသို့ အခွန်ခံသောသူ၊ ဆိုးသောသူတိုနှင့်အတူ စားတော်မှုသည်ကို ကျမ်းပြုဆရာဖာရိရှဲတို့သည် မြင်လျှင်၊ ဤသူသည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့် စားသောက်သနည်းဟု တပည့်တော်တို့အား ဆိုကြ၏။

17. ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသောသူတို့သည် ဆေးသမားကိုအလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှါ ငါလာသည်မဟုတ်၊ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ၏။

18. အစာရှောင်တတ်သော ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည်လာ၍၊ ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေ ကြပါသနည်းဟု လျှောက်ကြ၏။

19. ယေရှုကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့နှင့် အတူရှိစဉ်အခါ သူတို့သည် အစာရှောင်တတ်ကြသလော။ ရှိစဉ်ကာလပတ်လုံး အစာမရှောင်တတ်ကြ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 2