ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 2:1-7 Judson Bible (BJB)

1. နောက်တနေ့သ၌ ကိုယ်တော်သည်က ပေရနောင်မြို့သို့ဝင်ပြန်၍ အိမ်၌ရှိတော်မူသည်ကို ကြားကြလျှင်၊

2. တံခါးပြင်နားမှာ နေစရာမရှိနိုင်အောင် လူများတို့သည် အလျင်အမြန်စုဝေးကြသည်ဖြစ်၍ သူတို့အား တရားဟောတော်မူ၏။

3. ထိုအခါ လက်ခြေသေသောသူတယောက်ကို လူလေးယောက်တို့သည်ထမ်း၍ အထံတော်သို့ဆောင်ခဲ့ကြ၏။

4. လူစုဝေးလျက်ရှိသောကြောင့် ကိုယ်တော်ရင်းသို့မချဉ်းကပ်နိုင်သဖြင့်၊ ကိုယ်တော်ရှိရာအပေါ်မှာ အမိုး ကို ဖောက်ထွင်းပြီးမှ လူနာနှင့်တကွ အိမ်ရာခုတင်ကို လျှော့ချကြ၏။

5. ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင်၊ လက်ခြေသေသောသူအား၊ ငါ့သား၊ သင်၏ အပြစ်ကို လွတ်စေပြီဟုမိန့်တော်မူ၏။

6. ထိုအရပ်၌ထိုင်သော ကျမ်းပြုဆရာအချို့တို့က၊

7. ဤသူသည် ဘုရားကိုလွန်ကျူး၍ အဘယ်ကြောင့် ဤသို့ပြောရသနည်း။ ဘုရားသခင်မှတပါး အဘယ်သူသည် အပြစ်ကိုလွှတ်နိုင်သနည်းဟု စိတ်ထဲမှာ ထင်မှတ်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 2