ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 16:1-12 Judson Bible (BJB)

1. ဥပုသ်နေ့လွန်မှ မာဂဒလမာရိ၊ ယာကုပ်၏အမိဖြစ်သော မာရိနှင့် ရှာလုံတို့သည်သွား၍၊ အလောင်းတော်ကို လိမ်းခြင်းငှါ နံ့သာမျိုးကိုဝယ်ပြီးလျှင်၊

2. ခုနစ်ရက်တွင် ပဌမနေ့ရက်နံနက်စောစော၊ နေထွက်သောအချိန်၌ သခင်္ျိုင်းတော်သို့သွားကြ၏။

3. ထိုမိန်းမတို့က၊ တွင်းဝ၌ ပိတ်သောကျောက်ကို အဘယ်သူလှိမ့်လှန်၍ ပေးမည်နည်းဟု အချင်းချင်း ပြောဆိုပြီးမှ ကြည့်ရှုလျှင်၊ ထိုကျောက်သည် လှိမ့်လှန်လျက်ရှိသည်ကို မြင်ကြ၏။

4. ထိုကျောက်ကားအလွန်ကြီးသောကျောက် ဖြစ်သတည်း။

5. မိန်းမတို့သည် တွင်းထဲသို့ဝင်ကြပြီးလျှင်၊ လုလင်တယောက်သည် ဖြူစင်ရှည်လျားသောအင်္ကျီကို ဝတ်လျက် လက်ျာဘက်၌ ထိုင်သည်ကိုမြင်၍ ထိတ်လန့် မိန်းမောခြင်းသို့ ရောက်ကြ၏။

6. ထိုသူကလည်း၊ ထိတ်လန့်မိန်းမောခြင်းမရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာ သတ်သောနာဇရက်မြို့သား ယေရှုကို သင်တို့ရှာကြ၏။ ထိုသူသည် ထမြောက်တော်မူပြီ။ ဤအရပ်၌မရှိ။ အလောင်းတော်ထားရာအရပ်ကိုကြည့်ကြလော့။

7. သင်တို့ရှေ့ဂါလိလဲပြည်သို့ ကြွတော်မူကြောင်းကို၊ ပေတရုမှစ၍ တပည့်တော်တို့အား သွား၍ပြောကြလော့။ အထက်ကမိန့်တော်မူသည်အတိုင်း၊ ထိုပြည်၌ သင်တို့သည် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်ဟု ပြောဆို၏။

8. ထိုမိန်းမတို့သည်လည်း၊ သခင်္ျိုင်းတော်မှထွက်၍ တုန်လှုပ်လျက်၊ မိန်းမောတွေဝေလျက် ပြေးကြ၏၊ ကြောက်လန့်သောကြောင့် အဘယ်သူကိုမျှ မပြောမဆိုကြ။

9. ကိုယ်တော်သည် ခုနစ်ရက်တွင် ပဌမနေ့ရက် စောစောအချိန်၌ထမြောက်ပြီးမှ၊ အထက်က နတ်ဆိုးခုနစ်ယောက်ကို နှင်ထုတ်တော်မူသော မာဂဒလမာရိအား ရှေ့ဦးစွာကိုယ်ကိုပြတော်မူ၏။

10. မာရိလည်းသွား၍ ကိုယ်တော်နှင့် ပေါင်းဘော်သောသူတို့သည် ညည်းတွားငိုကြွေးလျက် နေကြစဉ်တွင်၊ သူတို့အားထိုသိတင်းကို ကြားပြောလေ၏။

11. ကိုယ်တော်သည် အသက်ရှင်တော်မူသည်ကို၎င်း၊ မာရိသည် ကိုယ်တော်ကိုမြင်ရသည်ကို၎င်း၊ သူတို့သည်ကြားလျှင် မယုံကြ။

12. ထိုနောက် တပည့်တော်နှစ်ယောက်တို့သည် တောရွာသို့သွားစဉ်တွင် ကိုယ်တော်သည်ခြားနားသော အရောင်ကိုဆောင်လျက် ကိုယ်ကိုပြတော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 16