ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်မာကု 13:1-9 Judson Bible (BJB)

1. ကိုယ်တော်သည် ဗိမာန်တော်မှ ထွက်ကြွတော်မူသော်၊ တပည့်တော်တယောက်က၊ အရှင်ဘုရားကြည့် ရှုတော်မူပါ။ ဧရာကျောက်ကြီးတကား၊ ဧရာတိုက်ကြီးတကားဟု လျှောက်လျှင်၊

2. ယေရှုက၊ ဤကြီးစွာသောတိုက်ဆောင်တို့ကို သင်သည်ယခုမြင်ရ၏။ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှမတည် မနေရဟုမိန့်တော်မူ၏။

3. ထိုနောက်သံလွင်တောင်ပေါ်မှာ ဗိမာန်တော်ရှေ့ရှုထိုင်တော်မူစဉ်၊ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေတို့က၊

4. ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကို၎င်း၊ ထိုအမှုအရာရှိသမျှတို့သည် ပြည့်စုံချိန်နီးသောအခါ အဘယ်ပုပ္ပနိမိတ်ပေါ်ထွန်းမည်ကို၎င်း အမိန့်ရှိတော်မူပါဟု အခြားသူမပါဘဲ လျှောက်ကြ၏။

5. ယေရှုကလည်း၊ သင်တို့ကိုအဘယ်သူမျှ မလှည့်ဖြားစေခြင်းငှါ သတိပြုကြလော့။

6. အများသောသူတို့က၊ ငါသည် ဤမည်သောသူဖြစ်၏ဟုဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာသဖြင့်၊ လူများတို့ကို လှည့်ဖြားကြလိမ့်မည်။

7. သင်တို့သည် စစ်တိုက်ကြောင်းကို၎င်း၊ စစ်တိုက်ခံသောသိတင်းစကားကို၎င်း ကြားရသောအခါ စိုးရိမ်တုန်လှုပ်ခြင်းမရှိကြနှင့်၊ ထိုသို့ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။

8. လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့် တနိုင်ငံရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ မြေကြီးလှုပ်ခြင်းဖြစ်လိမ့်မည်။ အစာခေါင်းပါးခြင်းနှင့် မငြိမ်းမသက်ခြင်းတို့သည်လည်း ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။

9. သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့အပ်နှံကြလိမ့်မည်။ တရားစရပ်တို့၌ ရိုက်ကြလိမ့်မည်။ ထိုသူတို့အား သက်သေဖြစ်မည်အကြောင်း၊ သင်တို့သည်ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် ရောက်ကြလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်မာကု 13