ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 2:1-13 Judson Bible (BJB)

1. သူတပါးကို စစ်ကြောစီရင်တတ်သောသူ၊ သင်သည်ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။ အကြောင်းမူကား၊ သင်သည်စစ်ကြောစီရင်သော အမှုကိုပင် ကိုယ်တိုင်ပြုသည်ဖြစ်၍၊ သူတပါးကို စစ်ကြောစီရင်သည်တွင် ကိုယ်အပြစ်ရှိကြောင်းကို စီရင်ဆုံးဖြတ်ရာရောက်၏။

2. ဘုရားသခင်သည် ထိုသို့ပြုသောသူတို့ကို စီရင်တော်မူခြင်း အရာသည် သမ္မာတရားနှင့် ညီသည်ကို ငါတို့သိကြ၏။

3. ထိုသို့သောအမှုကိုကိုယ်တိုင်ပြုလျက်ပင်၊ သူတပါးပြုသည်ကို စစ်ကြောစီရင်သောသူ၊ သင်သည် ဘုရားသခင်စီရင်တော်မူခြင်းနှင့် လွတ်မည်ဟု ထင်မှတ် သလော။

4. ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်ကို နောင်တလမ်းသို့ သွေးဆောင်သည်ကို မသိမမှတ်ဘဲ၊ ကြွယ်ဝစွာ ကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။

5. ထိုသို့ပြုလျှင် စိတ်ခိုင်မာ၍ နောင်တမရသည်နှင့်အညီ ဒေါသနေ့တည်းဟူသော ဘုရားသခင်၏ တရားတော်ထင်ရှားသောနေ့၌ ကိုယ်ခံစရာဘို့ အမျက်ဒေါသကို ဆည်းပူးသလော။

6. ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့ အကျင့်နှင့် အလျောက်အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတံ့၊

7. ကောင်းသောအကျင့်ကို အမြဲကျင့်၍၊ ဘုန်းအသရေကို၎င်း၊ မဖေါက်ပြန်သောဇာတိကို၎င်း၊ ရှာသော သူတို့အား ထာဝရအသက်ကို ပေးတော်မူလတံ့၊

8. ငြင်းဆန်သောသဘောရှိ၍၊ သမ္မာတရားကို နားမထောင်ဘဲ မတရားသဖြင့် ကျင့်သောသူတို့ကိုကား၊ ပြင်းစွာသော ဒေါသအမျက်ထွက်တော်မူလတံ့၊

9. ရှေးဦးစွာ၌ ယုဒလူ၊ နောက်၌ဟေလသလူ၊ ဆိုးညစ်သောအမှုကို ပြုသောသူရှိသမျှတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခဝေဒနာကို ခံရကြလတံ့၊

10. ရှေးဦးစွာ၌ယုဒလူ၊ နောက်၌ဟေလသလူ၊ ကောင်းသော အကျင့်ကိုကျင့်သောသူရှိသမျှတို့သည် ဘုန်းအသရေချမ်းသာကို ခံစားရကြလတံ့။

11. ဘုရားသခင်သည် အဘယ်သူ၏မျက်နှာကို မျှမှတ်တော်မမူ။

12. ပညတ်တရားကို မသိဘဲပြစ်မှားသော သူတို့သည် ပညတ်တရားမဲ့ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်။ ပညတ်တရားကို သိလျက်ပင်ပြစ်မှားသော သူတို့သည် ပညတ်တရား၏စီရင်ခြင်းကို ခံရကြလိမ့်မည်။

13. အကြောင်းမူကား၊ တရားနာသောသူသည် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သည်မဟုတ်။ တရားကို ကျင့်သောသူသာလျှင် ဖြောင့်မတ်ရာသို့ ရောက်လိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 2