ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 15:6-17 Judson Bible (BJB)

6. ယေရှုခရစ်၏အလိုတော်အတိုင်း အချင်းချင်း စိတ်တညီတညွတ်တည်းရှိကြမည်အကြောင်း၊ သည်းခံ ခြင်း၊ သက်သာခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မ သနားတော်မူပါစေသော။

7. ခရစ်တော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလျက်၊ သင်တို့ကိုလက်ခံ တော်မူသည်နည်းတူ၊ သင်တို့သည် တယောက်ကိုတယောက်လက်ခံကြလော့။

8. တဖန်ငါဆိုသည်ကား၊ ယေရှုခရစ်သည် ဘုရားသခင်၏ သစ္စာတော်ကို ထောက်၍၊ ဘိုးဘေးများခံရသော ဂတိတော်တို့ကိုတည်စေခြင်းငှါ၊

9. အရေဖျားလှီးခြင်းကိုခံသော သူတို့၏အမှုကို ဆောင်ရွက်တော်မူ၏။ တပါးအမျိုးသားတို့သည်လည်း၊ ဘုရားသခင်၏ကရုဏာတော်ကို အံ့ဩချီးမွမ်းကြလိမ့်မည်။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ထိုကြောင့်တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်း၍၊ နာမတော်ကို ထောမနာသီချင်း ဆိုပါမည်ဟု လာသတည်း။

10. တဖန်လာသည်ကား ၊ တပါးအမျိုးသားတို့၊ သင်တို့သည် ဘုရားသခင်၏လူမျိုးနှင့်အတူ ဝမ်းမြောက် ခြင်းရှိကြလော့ဟုလာ၏။

11. တဖန်ကား၊ လူမျိုးအပေါင်းတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ လူအနွယ်အပေါင်းတို့၊ အလွန်ချီးမွမ်း ကြလော့ဟုလာ၏။

12. တဖန်ဟေရှာယဆိုသည်ကား၊ ယေရှဲ၏ အမြစ်ပေါက်၍ တပါးအမျိုးသားတို့ကို အုပ်စိုးခြင်းငှါ ပေါ်ထွန်းသောသူဖြစ်လိမ့်မည်။ ထိုသူကို တပါးအမျိုးသားတို့သည် ကိုးစားကြလိမ့်မည်ဟုဆိုသတည်း။

13. သင်တို့သည်သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် မြော်လင့်ခြင်းပါရမီနှင့်ကြွယ်ဝစေခြင်းငှါ၊ ယုံကြည်သောစိတ်ရှိ၍ ဝမ်းမြောက်သက်သာခြင်း အမျိုးမျိုးတို့နှင့်ပြည့်စုံမည်အကြောင်း၊ မြော်လင့် ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါ စေသော။

14. ညီအစ်ကိုတို့၊ သင်တို့သည် ကောင်းသောပကတိ သဘောနှင့် ပြည့်စုံ၍ အရာရာတို့ကို သိနားလည်သဖြင့်၊ အချင်းချင်းဆုံးမခြင်းငှါ တတ်နိုင်သည်ကို ငါသဘော ကျလျက်ရှိ၏။

15. သို့သော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သန့်ရှင်းစေတော်မူသော နှစ်သက်ဘွယ်ရာ ပူဇော်သက္ကာတည်းဟူသော တပါးအမျိုးတို့ကို ပူဇော်ခြင်းငှါ ငါသည် ဘုရားသခင်၏ ဧဝံဂေလိတရားကိုဟော ပြောသောအမှုကို ဆောင်ရွက်၍၊

16. တပါးအမျိုးသားတို့တွင် ယေရှုခရစ်၏ အမှုဆောင်ဖြစ်မည်အကြောင်း၊ ဘုရားသခင်သည် ငါ၌အပ်ပေးတော်မူသော ကျေးဇူးတော်ကို ငါအမှီ ပြု၍၊ ညီအစ်ကိုတို့၊ သင်တို့ကို သတိပေးလျက်သာ၍ ရဲရင့်စွာ ရေးလိုက်ပါ၏။

17. ထိုကြောင့်၊ ဘုရားသခင်နှင့်စပ်ဆိုင်သောအရာတို့၌ ငါသည် ယေရှုခရစ်ကို အမှီပြု၍ ဝါကြွားဝမ်းမြောက် ခြင်းအကြောင်းရှိ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 15