ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရော​မ 11:28-36 Judson Bible (BJB)

28. သူတို့သည် ဧဝံဂေလိတရားအားဖြင့်မူကား သင်တို့အကြောင်းကြောင့် ရန်သူဖြစ်ကြ၏။ ရွေးကောက် တော်မူခြင်းအားဖြင့်မူကား၊ ဘိုးဘေးများအကြောင်းကြောင့် ချစ်သူဖြစ်ကြ၏။

29. အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင် ပေးသနားတော်မူခြင်း၊ ခေါ်ထားတော်မူခြင်း ကျေးဇူးသည် ဖောက်ပြန်ခြင်းသဘောမရှိ၊

30. သင်တို့သည်အထက်က၊ ဘုရားသခင်၏ စကားတော်ကို နားမထောင်ဘဲနေသော်လည်း၊ ယခုတွင် သူတို့ နားမထောင်ခြင်းအမှုအားဖြင့်၊ သနားတော်မူခြင်းကို ခံရသကဲ့သို့၊

31. ထိုနည်းတူ၊ သင်တို့ခံရသော သနားတော်မူခြင်းအားဖြင့် သူတို့လည်းသနားတော်မူခြင်းကို ခံရမည်အကြောင်း၊ ယခုတွင်သူတို့သည် နားမထောင်ဘဲ နေရကြ၏။

32. ဘုရားသခင်သည် လူအပေါင်းတို့ကို သနားတော်မူခြင်း အခွင့်ရှိစေခြင်းငှါ လူအပေါင်းတို့ကို နားမထောင်ခြင်းအဖြစ်၌ ချုပ်ထားတော်မူ၏။

33. ဘုရားသခင်၏ပညာနှင့် ဥာဏ်တော်သည် အလွန်ကျယ်ဝန်း နက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှစစ်၍ မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်းမတွေ့မမှီနိုင်။

34. ထာဝရဘုရား၏စိတ်တော်ကို အဘယ်သူသိသနည်း။ ထာဝရဘုရားနှင့်အဘယ်သူသည် တိုင်ပင်ဘက်ပြုသနည်း။

35. ကျေးဇူးဆပ်တော်မူရမည်အကြောင်း၊ ထာဝရဘုရား၌ အဘယ်သူသည် ကျေးဇူးပြုဘူးသနည်း။

36. ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲက၎င်း၊ ကိုယ်တော်အားဖြင့်၎င်း၊ ကိုယ်တော်အဘို့ အလိုငှါ၎င်း ဖြစ်ကြ၏။ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရော​မ 11