ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယာ​ကုပ် 3:7-12 Judson Bible (BJB)

7. သားရဲမျိုး၊ ငှက်မျိုး၊ တွားတတ်သောတိရစ္ဆာန်မျိုး၊ ငါးမျိုးတို့ကို လူမျိုးသည် အောင်တတ်သည်အတိုင်း အောင်ခဲ့ပြီ။

8. လျှာကိုကား၊ အဘယ်လူမဆိုမအောင်နိုင်၊ မဆုံးမနိုင်သော အဆိုးအညစ်ဖြစ်၏။ သေစေတတ်သော အဆိပ်အတောက်နှင့်ပြည့်စုံ၏။

9. ငါတို့သည်လျှာဖြင့် ခမည်းတော်ဘုရားသခင်ကို ကောင်းကြီးပေးတတ်ကြ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်းသော လူတို့ကို လျှာဖြင့်ကျိန်ဆဲတတ်ကြ၏။

10. နှုတ်တပါးတည်းအထဲက၊ ထောမနာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းထွက်တတ်ပါသည်တကား၊ ငါ့ညီအစ်ကိုတို့၊ ထိုသို့မဖြစ်ကောင်းရာ။

11. စမ်းရေပေါက်တပေါက်တည်း အထဲကချိုသောရေနှင့် ခါးသောရေထွက်တတ်သလော။

12. ငါ့ညီအစ်ကိုတို့၊ သင်္ဘောသဖန်းပင်သည် သံလွင်သီးကို သီးနိုင်သလော။ စပျစ်ပင်သည် သင်္ဘော သဖန်းသီးကို သီးနိုင်သလော။ ထိုအတူ၊ ငန်သောရေသည် ချိုသောရေကိုမဖြစ်စေနိုင်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယာ​ကုပ် 3