ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယာ​ကုပ် 3:1-6 Judson Bible (BJB)

1. ငါ့ညီအစ်ကိုတို့၊ ငါတို့သည်သာ၍ ကျပ်တည်းသော စစ်ကြောစီရင်ခြင်းကိုခံရမည်ဟု သင်တို့သိ၍ အများသောဆရာမဖြစ်ကြနှင့်။

2. ငါတို့ရှိသမျှသည် အများသောအားဖြင့် မှားတတ်ကြ၏။ စကားအားဖြင့် မှားခြင်းမရှိသောသူမည်သည်ကား၊ စုံလင်သောသူဖြစ်၏။ မိမိကိုယ်ကို တကိုယ်လုံးကို ချုပ်တည်းနိုင်သောသူဖြစ်၏။

3. မြင်းကိုနိုင်ခြင်းငှါ ပစပ်ကိုဇက်ခွံ့တတ်၏။ သို့ပြု၍ မြင်းကိုယ်တကိုယ်လုံးကို လှည့်စေတတ်၏။

4. ထိုမှတပါး၊ အလွန်ကြီးသောသင်္ဘောသည် ပြင်းစွာသော လေဟုန်နှင့်လွင့်သွားသော်လည်း၊ တက်မ ကိုင်အလိုရှိသည်အတိုင်း၊ ငယ်သောတက်မဖြင့် လှည့်တတ်၏။

5. ထိုနည်းတူ၊ လျှာသည်ငယ်သော အင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက် များစွာသောထင်းကို အနည်းငယ်သာ မီးသည်ညှိနိုင်သည်ကို ကြည့်ပါလော့။

6. လျှာသည် မီးဖြစ်၏။ ဒုစရိုက်၏ လောကဓာတ်လည်းဖြစ်၏။ ထိုသို့နှင့်အညီ၊ လျှာသည်ငါတို့၏ အင်္ဂါတို့တွင်တည်၍ တကိုယ်လုံးကို ညစ်ညူးစေ၏။ ဇာတိစက်ကိုလည်းရှို့တတ်၏။ မိမိသည်လည်း ငရဲမီးရှို့ခြင်းကိုခံလျက်ရှိ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယာ​ကုပ် 3