12. လွှတ်ခြင်းတရားအတိုင်း စီရင်ခြင်းကို ခံရလတံ့သောသူကဲ့သို့၊ စကားပြောခြင်း၊ အမှုပြုခြင်းကို စီရင်ကြ လော့။
13. ကရုဏာမရှိသောသူသည်၊ ကရုဏာကိုမရဘဲ၊ တရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရား စီရင်ခြင်းကိုအောင်၍ ဝါကြွားတတ်၏။
14. ငါ့ညီအစ်ကိုတို့၊ တစုံတယောက်သောသူက၊ ငါသည်ယုံကြည်ခြင်းရှိ၏ဟုပြောလျက်၊ အကျင့်ကို မကျင့် ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော။
15. ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ နေ့တိုင်းစားရသောအစာမရှိသောအခါ၊
16. သင်တို့တွင် တစုံတယောက်သောသူက၊ ငြိမ်ဝပ်စွာသွားကြလော့။ နွေးကြလော့။ ဝကြလော့ဟု ပြောလျက်၊ သူတို့ကိုယ်နှင့်တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။
17. ထိုနည်းတူ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် တပါးတည်းရှိသောကြောင့် အသေဖြစ်၏။
18. တနည်းကား၊ သင်သည်ယုံကြည်ခြင်းရှိ၏။ ငါသည်အကျင့်ရှိ၏။ သို့ဖြစ်၍ သင်သည်အကျင့်မရှိဘဲ သင်၏ယုံကြည်ခြင်းကို ပြလော့။ ငါမူကား၊ အကျင့်အားဖြင့် ငါ၏ယုံကြည်ခြင်းကို ပြမည်ဟုပြောစရာရှိ၏။
19. ဘုရားသခင်တဆူတည်းရှိသည်ဟု သင်သည်ယုံ၏။ ကောင်းပေ၏။ နတ်ဆိုးတို့သည် ယုံ၍ ကြောက်ရွံ့ တုန်လှုပ်ကြ၏။
20. လျှပ်ပေါ်သောလူ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်သည်ကို သိချင်သလော။
21. ငါတို့အဘအာဗြဟံသည်၊ မိမိသားဣဇာက်ကို ယဇ်ပလ္လင်ပေါ်မှာတင်လှူပူဇော်သောအခါ၊ အကျင့်အား ဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော။
22. ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင်၍၊ အကျင့်အားဖြင့် စုံလင်သည်ကိုသိမြင်ရ၏။
23. အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏ဟူသော ကျမ်းစကားပြည့်စုံလေ၏။ အာဗြဟံသည်လည်း၊ ဘုရားသခင်၏အဆွေဟူ၍ ခေါ် ဝေါ်ခြင်းကိုခံရ၏။
24. လူသည်ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ရောက်သည်မဟုတ်။ အကျင့်အားဖြင့် ရောက် သည်ကို သင်တို့သိမြင်ရကြ၏။
25. ထိုနည်းတူ၊ ပြည်တန်ဆာရာခပ်သည်၊ တမန်တို့ကိုလက်ခံပြီးမှ အခြားသောလမ်းဖြင့် လွှတ်လိုက်၍၊ အကျင့်အားဖြင့်ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော။
26. ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေ ဖြစ်၏။