ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 8:25-28 Judson Bible (BJB)

25. တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကို နှိုးပြီးလျှင်၊ သခင်၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ပါ၏။ ကယ်မတော်မူပါဟု လျှောက်ကြသော်၊

26. ကိုယ်တော်က၊ ယုံကြည်အားနည်းသော သူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်းဟု မေးတော်မူ ပြီးလျှင်၊ ထ၍ လေနှင့်ပင်လယ်ကို ဆုံးမတော်မူသဖြင့် အလွန်သာယာလေ၏။

27. ထိုလူတို့ကလည်း၊ ဤသူကားအဘယ်သို့သောသူနည်း။ လေနှင့်ပင်လယ်သည် သူ၏စကားကို နား ထောင်ပါသည်တကားဟု အံ့ဩကြ၏။

28. ကမ်းတဘက် ဂါဒရပြည်သို့ ရောက်တော်မူသောအခါ နတ်ဆိုးစွဲသောလူနှစ်ယောက်တို့သည် ထိုလမ်းကို အဘယ်သူမျှ မသွားနိုင်အောင် အလွန်ကြမ်းကြုတ်စွာပြုလျက်၊ သခင်္ျိုင်းတစပြင်မှ ထွက်လာ၍ ကိုယ်တော်ကို ခရီးဦးကြိုပြုပြီးလျှင်၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 8