ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 20:24-31 Judson Bible (BJB)

24. အခြားသောတပည့်တော်တကျိပ်တို့သည် ကြားသိလျှင်၊ ထိုညီအစ်ကိုနှစ်ယောက်တို့ကို အမျက်ထွက်ကြ၏။

25. ယေရှုသည် ထိုသူတို့ကိုခေါ်တော်မူ၍၊ သင်တို့ သိသည်အတိုင်း လောကီမင်းတို့သည်အစိုးတရ ပြုတတ်ကြ၏။

26. အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။

27. သင်တို့မူကား ထိုသို့မပြုကြနှင့်။ လူသားသည် သူတပါးကိုစေစားခြင်းငှါမလာ၊

28. သူတပါးအစေကို ခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း၊ ကြွလာသည်ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင်အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင်အထွဋ်အမြတ် လုပ်ချင် သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။

29. ယေရိခေါမြို့မှ ထွက်သွားကြစဉ်တွင် လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။

30. ယေရှုသည် ကြွသွားတော်မူကြောင်းကို လမ်းနားမှာထိုင်နေသော လူကန်းနှစ်ယောက်တို့သည် ကြားရလျှင်။ ဒါဝိဒ်၏သားတော်အရှင်၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။

31. ထိုသူတို့ကို တိတ်ဆိတ်စွာနေစေခြင်းငှါ လူအစုအဝေးတို့သည်ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏ သားတော်အရှင်၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု သာ၍ဟစ်ကြော်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 20